Chapter ( 10 )

1.2K 99 2
                                    

Unicode

အခြောက်လို့ အပြောခံရခြင်း

ကျောင်းဝတ်စုံ ဖြူစိမ်းလေးနဲ့ လွယ်အိတ်ကို ပုခုံးတစ်ဖက်မှာ လွယ်ထားသော လရောင်က ကျောင်းထဲကို စဝင်တာနဲ့ တချို့ကျောင်းသူလေးတွေမှာ သူ့ကိုလှည့်ကြည့်လှည့်ကြည့် လုပ်နေကြသည်။ သူနဲ့အသိ အငယ်လေးတွေကတော့
'ကိုကိုလရောင်၊ အစ်ကိုလရောင်' ခေါ်ရင်း နှုတ်ဆက်သွားကြသည်။ သူလည်း အကုန်လုံးကို ပြန်ပြုံးပြကာ နှုတ်ဆက်ပေးရသည်။

လရောင်က ကျောင်းဆောင်ဆီသို့ တည့်တည့်လျောက်မသွားသေးဘဲ ကျောင်းဝင်ပေါက်လေးမှာရှိနေတဲ့ မုန့်ဆိုင်တွေဆီကို အကြည့်ရောက်နေသည်။ ဒါပေါ့ ခွန်ရှင်းနောင်အတွက် ဘာဝယ်ပေးရမလဲဆိုတာ စဉ်းစားနေခြင်းသာ။

ဒါမဲ့ သူ့မြင်ကွင်းထဲကို ဟေမာန်ဦးက အရင်ဝင်ရောက်လာသည်။ အခုရက်ပိုင်းမှာ သူမနဲ့အမြဲထိပ်တိုက်တွေ့နေရတာကြောင့် သူ့စိတ်ထဲ အနည်းငယ်စိတ်မသက်မသာဖြစ်တာကို ခံစားလိုက်ရသည်။ ဒါမဲ့လည်း သူမကတော့ ပြုံးရွှင်နေတာကြောင့် လရောင်လည်း ပြန်ပြုံးပြရသည်။

"လရောင် အခုမှ ကျောင်းလာတာလား"

"ဟုတ်.. ကျူရှင်ဆင်းတာက နည်းနည်းနောက်ကျနေလို့"

"သြော်.."

ပုံမှန်ဆိုရင် ပြောစရာတွေအရမ်းများတဲ့ သူမက အခုတော့ သြော်ဆိုတဲ့ တစ်လုံးလေးနဲ့ တခဏတိတ်ဆိတ်သွားခဲ့သည်။

"ဟို..... ဟိုလေ... လရောင်.. အစ်မပေးတဲ့လက်ဆောင်ကိုလေ ဖွင့်ကြည့်ပြီးသွားပြီလားဟင်"

လရောင်မှာ အနည်းငယ်အံ့အားသင့်နေတဲ့ရုပ်လေးနဲ့ သူမကိုကြည့်လိုက်မိသည်။ ဒီအတိုင်းပေးတဲ့ လက်ဆောင်လေးကို ဘာလို့ဖွင့်ကြည့်ပြီးပြီလားဆိုပြီး မေးနေလဲလို့ သူမကိုပြန်မေးချင်နေသည်။ ဘာလို့ဆို သူက တခြားသူပေးပစ်ခဲ့ပြီဖြစ်တာကြောင့်သာ။

သူအမှန်တိုင်းသာ ဖြေပေးလိုက်ရင်လည်း သူ့စကားကိုစောင်းဆိုင်းလျက် မျှော်လင့်တကြီးဖြစ်နေတဲ့ သူမကို ဝမ်းနည်းစေမှာစိုးတာကြောင့် လရောင်မှာ လိမ်ဖို့ပဲ ရွေးချယ်ရပြန်သည်။

I Found Love In a Village [Completed]Where stories live. Discover now