ယွီအာ(Arc -2.5)

Start from the beginning
                                    

"မိဖုရား!ကျမကိုအနိုင်ကျင့်ပြန်ပီ!"

"လာပြန်ပီဒီစကား! ပထမတစ်ခါကမင်းရဲ့လုပ်ဇာတ် အခုတစ်ခါကလဲမတော်တဆ ဘာလို့အဲ့လောက်တောင်ငါအနိုင်ကျင့်တာခံချင်နေတာလဲ ဟမ်! ဘာအကြံစဉ်ရှိလို့လဲ"

"မိ မိဖုရားစကားကဘာကိုပြောတာလဲ"

"ငါဘာပြောလဲ မင်းသေချာသိပါတယ် ငါနဲ့လိုက်ပြိုင်မနေချင်နဲ့ အစကတည်းကငါကနိုင်နေပီးသားပဲ ဒါနဲ့နှာခေါင်းသက်သာလား"

ဖန်ချင်ကသူ့နှာခေါင်းကိုလက်ဖြင့်ထပ်ကာလိုက်ကာတောက်ခေါက်မှထိုနေရာမှထွက်သွားတော့သည်။သူ့အဆောင်ကိုရောက်တော့ရှိသမျှဒေါသတေကိုအခန်းထဲရှိပစ္စည်းများအပေါ်ပုံချတော့သည်။

ဒုန်း ခလွမ်း

"အားး ယွီအာ နင်သေရမယ်! အားး"

"ဖန်ချင်!ဒါကဘာဖြစ်နေတာလဲ"

"အဖေ!"

"နင့်ပုံစံကိုကြည့်စမ်း!ကိုယ့်ဒေါသကိုကိုယ်မထိန်းချုပ်နိုင်ပဲမိဖုရားတစ်ယောက်မဖြစ်နိုင်ဘူးဖန်ချင်!"

"ဒါပေမယ့် ဟိုကောင်ယွီအာက!"

"တိတ်စမ်း!စကားအပြောဆိုကိုဆင်ခြင် နံရံတိုင်းမှာနားတေရှိတယ် ကိုယ်တိုင်ကအစွမ်းဆမရှိပဲသူများကိုအပြစ်ပြောမနေနဲ့ နင့်အလုပ်ကဘုရင့်ကိုရအောင်သိမ်းသွင်းဖို့ပဲ မိဖုရားယွီကိုငါကြည့်ရှင်းလိုက်မယ် ဘုရင်ကခုထိနင်နဲ့အိပ်ဆောင်မဝင်ရသေးဘူးမလား!"

"မဝင်ရသေးပါဘူး"

"အသုံးမကျလိုက်တာ!အခုထိဘာရပ်လုပ်နေသေးတာလဲ ရေချိုးဆောင်မှာသွားသန့်စင်ပီး လှလှပပပြင်ဆင်စမ်း ဒီညမင်းကြီးဆီသွားပီးအဖော်ပြုပေးလိုက် နားလည်လား"

"ဟုတ်ကဲ့ပါအဖေ"

>>>>

(ဘာပြောတယ်!)

(ဟုတ်ပါတယ်host ဖန်ချင်ကဒီညဘုရင်နဲ့အိပ်ဆောင်ဝင်ဖို့ကြံစည်မှာပါ)

(ဟန့် ရမလား ကိုကို့မြွေကဝင်ချင်းဝင်ငါ့ထဲပဲဝင်ရမယ်)

(host!ဘာတေပြောနေတာလဲ)

(မှန်တာပြောတာပဲ ဟင့် ဖန်ချင် ဖန်ချင် တစ်ကွက်လောက်ပြရသေးတာပေါ့)

Love System (Completed)Where stories live. Discover now