ကို သွားလဲလိုက်မယ်
ရတယ် ယု လုပ်ပါ့မယ်
အဲဒီ့အချိန်မှာ ဆက်ပိုင့်အစ်ကို မိသားစု အခန်းထဲက ထွက်လာပါတယ်
လက်ထဲမှာလည်း အထုပ်တွေ ကိုင်ထားပါတယ်
ကိုကြီးတို့ ဘယ်သွားကြမလို့လဲ
ပြန်ကြတော့မှာလေ
ဒီနေ့မနက်လေယာဥ်နဲ့
သြော်
ချက်ချင်းကြီး...
အင်း ခွင့်မရလို့လေ
ဟုတ်ကဲ့
ခဏနော် ကို အဖေ့အခန်းထဲ သွားလိုက်ဦးမယ်
ဟုတ်
ထက်ပိုင်ထွက်သွားတော့
ယုက ဒီအိမ်မှာ နေမှာလား
မဟုတ်ဘူး မမ
တစ်ပတ်ပဲနေမှာ ပြီးရင် ယု့အိမ်မှာ သူလိုက်နေမှာ
သြော် တော်သေးတာပေါ့
တစ်ပတ်ပဲမို့
ဟုတ်ကဲ့
ဘာဖြစ်လို့လဲဟင် မမ
အင်း....
ကြည့်နေပေါ့ ယုရယ်
အဲ့အချိန်မှာ ဆက်ပိုင် ဆင်းလာတာကြောင့် ဘာမှ ဆက်မပြောဖြစ်ကြတော့ပါဘူး
အစ်မတို့ လေဆိပ်ဆင်းကြတော့မှာလား
ကျွန်တော် လိုက်ပို့မယ်
အေး
နင့်အစ်ကို ထွက်လာရင် သွားတော့မှာ
လေးလေး သားတို့ဆီ လိုက်မို့လား
မလိုက်ပါဘူး
မင်းတို့ဘာသာ ပြန်ကြ
လေးလေးကလည်း....
အဲ့ဒါဆို တီတီလိုက်....
နောက်မှ လာလည်မယ်နော် ကလေးတို့
ထက်ပိုင် အခန်းထဲက ပြန်ထွက်လာတာနဲ့ လေဆိပ်ကို ဆင်းကြပါတယ်
ယုလည်း မီးဖိုခန်းထဲဝင်လာပြီး
အမေ ယု ဘာကူလုပ်ပေးရမလဲ
အင်း ကြက်သွန်ခွာလိုက်
ဟုတ်ကဲ့
ယု လုပ်နေကျမဟုတ်တဲ့ မီးဖိုချောင်အလုပ်ဖြစ်တာကြောင့် ဓားမထိအောင် ဖြည်းဖြည်းချင်း လုပ်နေရပါတယ်
(27)🚨🚨🚨
Start from the beginning
