(15)🚨🚨🚨

10.3K 70 0
                                        

Uni

ယု အိပ်ပျော်နေတယ်

ငါ အဝတ်လဲနေလို့ ဝင်မလာနဲ့ဦး

ယုကို စောင်ခြုံပေးပြီး ဆက်ပိုင် နီးရာဘောင်းဘီကောက်စွပ်ပြီး campအပြင် ထွက်လာလိုက်တယ်

နင်ကလည်း အဝတ်အစားလဲနေတယ် ပြောပြီး ဘာလို့ အင်္ကျီမဝတ်တာလဲ

နင်တို့က လျှောက်အော်နေလို့ မြန်မြန်ထွက်လာတာလေ
ပြော ဘာကိစ္စရှိလို့လဲ

သြော် ညနေဘက် ရေတံခွန်သွားမလားလို့ လာမေးတာ

ဒီနေ့တော့ မသွားတော့ဘူး
ပင်ပန်းလို့ မနက်ဖြန်မနက်မှ သွားကြမယ်

အင်း
နင်က ပင်ပန်းတယ်ဆိုရအောင် ဘာတွေလုပ်ရလို့လဲ

ငါပဲ တစ်လမ်းလုံး ကားမောင်းလာရတာလေ
ညောင်းနေပြီ

အေးလေ ဟုတ်သားပဲ နင်ကလည်း
နားပါစေ
ယုတောင် အိပ်ပျော်နေတာကို
ညကျရင်တော့ campရှေ့မှာ မီးပုံပွဲ လုပ်ကြမယ်နော်

အေးပါ
ခုတော့ ပြန်ကြတော့

ညဘက်ရောက်တော့ ညစာကို ဆိုင်မှာ သွားမစားကြတော့ဘဲ Campရှေ့မှာသာ အမြည်းနဲ့ ဘီယာဝယ်ပြီး မီးပုံပွဲ လုပ်ကြပါတယ်

ကိုဆက်ပိုင် ဘီယာပဲလားဗျ
အပြင်းလေးဘာလေး မမှာဘူးလား

ထက်မြက်က စတင် တောင်းဆိုပါတယ်

ဘာအပြင်းလဲ
အပျော်ခရီးထွက်လာတာကို အမူးသောက်ပြီး ဘာလုပ်မှာလဲ
ပျော်ရရုံလောက်သောက်ရင် တော်ပြီပေါ့

ခတ္တာ အော်လိုက်တာကြောင့် ထက်မြက် ဘာမှ စောဒက မတက်ရဲဘဲ ငြိမ်သွားပါတော့တယ်

တောထဲမှာ ဖြစ်တာကြောင့် ရန်ကုန်ညတွေလို ပူအိုက်မနေပဲ အေးစိမ့်နေပါတယ်
အတွဲကိုယ်စီ ကိုယ့်ချစ်သူလေးတွေကို ထွေးပွေ့ရင်း ဘီယာသောက်နေကြပါတယ်

ရန်ကုန်မှာလို လျှပ်စစ်မီးရောင်တွေနဲ့ မဟုတ်တော့ တမျိုးပဲနော်
တစ်ယောက်တည်းဆိုရင်တော့ ကြောက်စရာကြီး

နင်တို့ မိန်းကလေးနှစ်ယောက်တည်း အိပ်ရမှာနော် သတိလည်း ထားဦး

အချစ်ကမ္ဘာငယ်လေး Donde viven las historias. Descúbrelo ahora