အပိုင်း၁၅။ မိုးကြိုးနက်ဂိုဏ်း

Start from the beginning
                                    

" ဘယ်နှယ့်ဗျာ ဘယ်သူမှ မဖမ်းစီးနိုင်တဲ့ မိုးကြိုးနက်ဂိုဏ်းက ဂိုဏ်းသားကိုဖမ်းနိုင်တဲ့ မြို့အုပ်မင်းအစွမ်းက ခပ်ပေါ့ပေါ့လားဗျ"

" ဟားဟား အင်ပတ်စတာရယ် ကျုပ်ကံကောင်းသွားလို့ပါ ဗျ"

အကြောင်းသည်ကား နှစ်ရှည်ကြာစွာမဖမ်းဆီးနိုင်သည့် မိုးကြိုးနက်ဂိုဏ်းဆိုသည့်မူးယစ်ရာဇာဂိုဏ်းရဲ့ ဂိုဏ်းသားကို ဖမ်းမိ၍ အောင်ပွဲခံနေခြင်းပေ။

ဘယ်သူမှခန့်မှန်းမထားနိုင်သည့်မိုးကြိုးနက်ဂိုဏ်း၏ အဖွဲ့ဝင်က ရုံးအတွင်းထဲမှာရှိနေခဲ့သည်။ ဒါကို မြို့အုပ်မင်းက မူမမှန်တာသိသွားပြီး အင်ပတ်စတာနဲ့ပူးပေါင်းပြီးဖမ်းပြီးစစ်ဆေးလိုက်တော့ ဂိုဏ်းသားဖြစ်နေမှန်းသိလိုက်ရသည်။

ဒီလုပ်ဆောင်ချက်ကြောင့် မြို့အုပ်မင်း၏ ကျော်ကြားမှူသတင်းက ဗမာတစ်ပြည်လုံးအနှံ့ပျံ့နှံ့သွားပြီး လူတိုင်းရဲ့ပါးစပ်ဖျားမှာရန်ကုန်မြို့တော်၏ မြို့အုပ်မင်းအသစ်အကြောင်းပေ။ ဘယ်လောက်တော်ကြောင်း၊ ဘယ်လောက်ချောကြောင်း ဆိုသည့်သတင်းတွေသာ လူတိုင်းရဲ့ပါးစပ်ဖျားမှာစွဲနေကြခြင်း‌ပေ။

" ဒါနဲ့ မြို့အုပ်မင်း ဘယ်လို လို့ဒီဂိုဏ်းသားက ဒီရုံးထဲကလူဖြစ်မှန်း အတွေးပေါက်သွားရတာတုန်း"

" အင်ပတ်စတာလှသိန်းရယ် ဆိုရိုးစကားတစ်ခုရှိတယ်လေ ဗျာ *မီးတိုင်အောက်ကပိုမှောင်တယ်* တဲ့ ကျုပ်က ထိုစကားအတိုင်းလုပ်မိယုံပါဗျာ "

" ဟားဟား ဟုတ်ပါပြီဗျာ"

**********************************************

" တောက်! မင်းတို့တွေသောက်သုံးမကျဖူးလား မြို့အုပ်မင်းအသစ်က ရောက်တာမှတစ်လတောင်မပြည့်သေးဖူး ဂိုဏ်းသားကိုဖမ်းမိသွားပြီ တောက်!"

" တောင်းပန်ပါတယ် သခင်ကြီး"

" ပြောလိုက်ရင်တောင်းပန်ပါတယ်တောင်းပန်ပါတဲ့နဲ့ လုပ်လိုက်ရင်သောက်တလွဲကြီးပဲ!"

ထိုစကားကြောင့် မျက်လွှာချထားရာမှလက်သီးတင်းတင်းဆုပ်မိသည်။

" တော်သင့်ပါပြီ ဒယ်ဒီရယ် ဒီအဖြစ်ကိုနမူနာယူပြီးနောက်မဖြစ်အောင်လုပ်ရမှာပေါ့ လှမြင့်သွားနားသွား မင်းတို့လဲပင်ပန်းနေပြီမှလား"

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now