အပိုင်း၁၅။ မိုးကြိုးနက်ဂိုဏ်း

Start from the beginning
                                    

ဦးကြီးတွေနေတုန်းပဲရှိသေးတယ် နောက်အမျိူးသမီးတစ်‌ယောက်ထပ်ရောက်လာပြန်သည်။

ထိုအမျိုးသမီးနှစ်ယောက်ကတော့

" ဟဲ့ ညည်း ဒေစီ!"

" မုန်း နင်ဘယ်လိုရောက်လာတာလဲ!"

" အဲ့တာငါမေးရမှာလေ  နေစမ်းပါဦး ညည်းကရော ဒီနေရာကို ဘယ်လိုရောက်တာတုန်း!"

" ငါ...ငါ.."

တစ်ငါ တည်း ငါနေတဲ့မိန်းမကြောင့်မုန်းသိလိုက်ပါပြီ။ ဒီကောင်မ ဟို သျှင်းဆိုတဲ့ကောင်မလေးစီလာတာဖြစ်ပါလိမ့်မယ်။
ဖြေရခက်နေသည့်မိန်းမကို လျစ်လျှူရှုလိုက်ပြီး ခြံစောင့်ကို လှမ်းခေါ်လိုက်သည်။

" ဒီမယ် ဒီမယ် "
ခေါ်သာခေါ်နေရသည်အထဲကလူကြားသွားမှာလဲစိုးရိမ်နေရသည်။

ဒေစီ သူတောင်အထဲကကြားသွားမှာစိုးလို့မခေါ်တာကို ဒင်းက ခေါ်နေတော့ တဂယ်လုပ်သတ်ချင်စိတ်တွေပေါက်သွားရသည်။

" ဟေ တူမကြီးတို့ ဘယ်သူနဲ့များတွေ့ချင်လို့လဲ"

" အနွယ်ရှိလား "

" ရှိပါတယ် "

" ဒါဆိုတစ်ချက်လောက်ခေါ်ပေးစမ်းပါ "

" အေးကွယ် အေးကွယ်"

အထဲပြန်ဝင်တော့မယ် ဦးကြီးကို ဒေစီနောက်တစ်ခေါက် လှမ်းခေါ်လိုက်သည်။

" ဦးကြီး "

" ဟေ "

" သျှင်းလေးကိုပါ ခေါ်ခဲ့ပေးပါ အဟီး"

" အေးကွယ် "
ခေါင်းဆတ်ဆတ်ငြိမ့်ပြီး အထဲပြန်ဝင်သွားတဲ့ဦးကြီး။

ဦးကြီးရဲ့အတွေးထဲမှာတော့

ဒီမိန်းကလေးနှစ်ယောက်က ဘာတွေတုန်း

ဆိုသည့်အတွေးနဲ့သာစိုးမိုးနေခဲ့သည်။

၈၆.၂၀၂၂
မိုး♡

(A/N roနေတဲ့အပိုင်းတွေပဲလာနေလို့စိတ်မပျက်သွားပါနဲ့ဦးနော် သိတယ်မှလား လေပြေလာပြီးမှမုန်တိုင်းတိုက်တယ်ဆိုတာ😝)


Zawgyi
" ဂုဏ်ယူပါတယ် မြို့အုပ်မင်း"

" မဟုတ်တာ အခုမှအစပဲရှိသေးတာ အင်ပတ်စတာလှသိန်းရဲ့ "

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now