အပိုင်း၁၅။ မိုးကြိုးနက်ဂိုဏ်း

Start from the beginning
                                    

ထိုစကားကြောင့် မျက်လွှာချထားရာမှလက်သီးတင်းတင်းဆုပ်မိသည်။

" တော်သင့်ပါပြီ ဒယ်ဒီရယ် ဒီအဖြစ်ကိုနမူနာယူပြီးနောက်မဖြစ်အောင်လုပ်ရမှာပေါ့ လှမြင့်သွားနားသွား မင်းတို့လဲပင်ပန်းနေပြီမှလား"

" ကျေးဇူးတင်ပါတယ်သခင်မ"

လှမြင့်ထွက်သွားတော့မှ မုန်း မျက်နှာမှာ ခန့်မှန်းလို့မရနိုင်တဲ့အပြုံးတစ်ခုပေါ်လာခဲ့သည်။

" အဟွန်း! လင်းမြင့်ဇရာမျိုးတို့ကတော့ ဒီကလူကို ခပ်တုန်းတုန်းမှတ်နေသလားပဲ"

" သူ့ဖအေ ဇရာ အကျင့်အတိုင်းလာမှာပေါ့သမီးရယ် သူ့ဖအေ ကြတော့ နောက်ကျောကို ဓါးနဲ့ထိုးတဲ့ကောင် တောက်!"

" ဒယ်ဒီရယ် သမီး ကဒီအခြေအနေကိုကြိုတွေးထားပြီးသား "

" ဒါဆို သမီး.."

" ဂိုဏ်းအကြောင်းဖော်ထုတ်မဲ့နေ့မှာတရားခံသာမရှိတော့ရင် ဘယ်လိုဖြစ်သွားမလဲသိချင်ပါရဲ့ အဟွန်း!"

မုန်းမျက်နှာပေါ်ကအပြုံးလေးတစ်ပွင့်က ပြောနေသည့်စကားများနှင့်အလျဉ်းမသင့်စွာ တည်ရှိနေတော့သည်။

" ဒယ်ဒီ သမီးအပြင်သွားလိုက်ဦးမယ်"

" ဟေ ဘယ်သွားမို့တုန်း"

" ဟိုဟိုဒီဒီပေါ့ ဒယ်ဒီ"
အချစ်ရှိရာနေရာသွားမှာ
ဆိုတဲ့စကားအမှန်ကိုတော့ ရင်ထဲမှာပဲထားလိုက်တော့သည်။

စလင်းဘတ်အိတ်တစ်လုံးလွယ်ပြီး အပြေးထွက်သွားသောသမီးကို ဦးရာဇဝင် အနည်းငယ်သံသယဝင်မိသည်။

မဟုတ်မှလွဲရော ဒီကလေးမ  မြတ်နိုးရမဲ့သူတွေ့နေပြီလား။

*************************************†*********

နှင်းဆီမြိုင်အိမ်ရှေ့မယ် အမျိုးငယ်တစ်‌ယောက် ခေါက်တုံ့ခေါက်ပြန်လျှောက်နေတာကို ဦးကြီးသတိထားမိသည်။ ဒါကြောင့် ခြံထဲမယ် အပင်စိုက်နေရင်း လှမ်းလှမ်းကြည့်မိသည်။

အဝတ်အစားပုံစံကြည့်တော့လည်း လူကုံထံတစ်‌ေယာက်ပုံပါ  ဘာဖြစ်လို့များ ဒီရှေ့မှာခေါက်တုန့်ခေါက်ပြန်လျှောက်နေရတာတုန်း။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now