"အာ ဟုတ်ကဲ့ပါကြီးကြီး... ဒါနဲ့လေမမကြီးက နေ့လည်စာကို အောက်မှာပဲစားမယ်တဲ့ ဖူးတို့ ပြင်ဆင်စရာ ရှိတာ ပြင်ကြမယ်လေနော်"

"အေးအေး"

******
"ဘာတွေဘယ်လိုလုပ်ရမလဲ မသိတော့ဘူးကလေးရယ်..ကိုယ့်သမီးအရွယ် ကိုယ့်တူမလေးအရွယ်ပေါ်မှာမှ ရင်ခုန်မိနေတာ မဖြစ်သေးဘူးလေနော်..ဒါပေမဲ့ နှလုံးသားက ဖြစ်ပေါ်လာတာကို ဘယ်လိုနည်းနဲ့တားရမလဲကွယ်..ပြီးတော့ အန်တီ မင်းကို ဆုံးရှုံးရမှာကြောက်နေတယ်..အန်တီ့နားကနေ တစ်ချိန်မဟုတ်တစ်ချိန် ဖူးထွက်သွားမယ်ဆိုတာ သိနေပေမဲ့ မထွက်သွားစေချင်ဘူးကလေးငယ်ရယ် တို့အနားမှာပဲနေစေချင်တယ်ကွယ် ဒါကမင်းအပေါ်မှာ ဖြစ်တည်လာတဲ့တို့ရဲ့အတ္တလေးပါ..ကျေးဇူးပြုပြီး တို့အနားမှာပဲနေပေးရင်သိပ်ကောင်းမှာပဲ..အန်တီမင်းကိုသိပ်ချစ်မိနေပြီထင်ပါရဲ့"

"မမကြီး မနှင်ထုတ်မချင်း ဖူး မထွက်သွားပါဘူး"

"ဟင်...ဖူး ဘယ်လိုလုပ်"

" ထမင်းစားလို့ရပြီဆိုတာ လာပြောတာပါ တံခါးကစိရုံပဲစိထားလို့ ဖူး အကုန်ကြားပါတယ်...ဒါနဲ့ ဖူးကြားတာတွေက အမှန်လားဟင်"

"ဒါပေမဲ့ တို့တွေက မဖြစ်သင့်‌ဘူးလေကွယ်"

ဖူးသစ္စာလှိုင်တစ်ယောက် ဒေါ်ခတ္တာမေအရှေ့မှာရပ်လိုက်ပြီး...

"မမကြီး ဖူးကို ချစ်လားဟင်"

"အိုကွယ်...ဘယ်လိုတွေမေးနေတာလဲ"

"‌ဖူး မေးတာကို ဖြေပေးပါ ချစ်လားဟင်"

"ခုနတုန်းက အကုန်ကြားတယ်မလား အဲ့မှာအဖြေပါသွားပြီလေကွယ်"

"မမကြီး ကိုယ်တိုင်ပြောတာကြားချင်လို့ပါ"

"ဒီကလေးနဲ့ ခက်ရချည်ရဲ့"လို့စိတ်ထဲက တွေးလိုက်ကာ...

"အွန်း တို့ ဖူးကိုချစ်တယ်..တို့ရဲ့ရင်ခုန်သံတွေက ဖူးနဲ့ကျမှ ဖြစ်ပေါ်လာတာမို့လို့ တို့ပိုသေချာတယ်ဖူး..ဒါပေမဲ့ မဖြစ်နိုင်သလို မဖြစ်သင့်ဘူးလေနော်" လို့ပြောကာ မှိုင်သွားတဲ့ အန်တီကို ဖူး ဖက်လိုက်ပြီး...

"ဖူးလည်း မမကြီးကို ချစ်မိနေပြီထင်တယ်..ဒါပေမဲ့ဖူးတို့က"

"တို့သိပါတယ်ကွယ်..တို့နှစ်ယောက်က ဘယ်လိုမှမဖြစ်သင့်ပါဘူး တို့သိပါတယ်ကလေးငယ်ရယ်..အဲ့တာကြောင့်တို့‌တွေ ဒီတိုင်းလေးပဲနေသွားကြရအောင်လေနော်..အခု ရင်ထဲကစကားတွေကို အပြန်အလှန်ဖွင့်ဟပြီးပြီပဲ အနည်းဆုံးတော့ တူမနဲ့အဒေါ်ဆက်ဆံရေး‌လောက်တော့တို့‌တွေနေလို့ရပါသေးတယ်ကွယ်"

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Where stories live. Discover now