ယွီအာ(Arc -2)

Start from the beginning
                                    

"ဒါ ဒါပေါ့"

"ကဲပါ ကိုယ်လုပ်တော်ဖန်ရဲ့ကိုယ်ပိုင်အချိန်လေးတေကိုအနှောက်ယှက်မပေးတော့ဘူးနော် ပြန်လိုက်ပါအုံးမယ် အားရင်လာလည်နော်ဟုတ်ပီလား"

"လာလည်ပါ့မယ်"

ထင်ထားသလိုဖြစ်မလာပဲစကားနိုင်ထိုးတာခံလိုက်ရတာကြောင့်ဖန်ချင်မှာအံကိုကြိတ်ထားမိတော့သည်။

*အချိန်တေအများကြီးရှိပါသေးတယ် တစ်နေ့နေ့တော့ငါ့အလှည့်ပေါ့ နင်စောင့်ကြည့်နေလိုက်*

>>>>>

ယွီအာသူ့အဆောင်သို့ပြန်လာရင်လမ်းတစ်ဝက်အရောက်အသံသေးသေးလေးတစ်ခုကိုကြားလိုက်ရသည်။

"ရှီးအာ"

"ရှင် မိဖုရား"

"ကြားလား"

"ဘာကိုလဲဟင်"

"အသံလေ ကြောင်သံလိုလိုအသံလေး"

"မကြားမိပါဘူး"

"ကျစ် ဒီနားတဝိုက်ကနေကြားနေရတာ ရှာစမ်း"

"ဟုတ်ကဲ့"

ယွီအာအသံရှိရာအားလိုက်ရှာရင်းမလှမ်းမကမ်းမှအပင်ခွကြားတွင်ရောက်နေသည့်ကြောင်ပေါက်လေးကိုတွေ့လိုက်ရသည်။ကြောင်လေးမှာအပင်ပေါ်မှမဆင်းတက်၍အော်တာဖြစ်သည်။

"ပြန်မဆင်းတတ်လို့ထင်တယ်"

"ဟယ်!မိဖုရား ဘာလုပ်မလို့လဲဟင်"

"အပင်ပေါ်တက်မလို့လေ"

"မ မသင့်တော်ပါဘူးမိဖုရား"

"ဘာကိုမသင့်တော်တာလဲ ဟိုမှာကြောင်လေးကမဆင်းတတ်လို့အော်နေတာငါသွားခေါ်မလို့လေ"

"ရှီးအာပဲတက်လိုက်ပါ့မယ် မိဖုရားဖယ်နေပါ"

"နေ နေ မိန်းကလေးကသစ်ပင်ပေါ်တက်လို့ဘယ်ဖြစ်မလဲ ငါ့ဘာသာတက်မယ် မင်းကအောက်ကနေစောင့်ပေး ကြောင်လေးကိုငါပစ်ချပေးမယ်"

"မိ မိဖရား!"

အစေခံမလေးအားလျစ်လျူရှုကာအပင်ပေါ်ကာသစ်ပင်ခွကြားမှကြောင်လေးအားဖမ်းပီးအောက်သို့ပစ်ချပေးလိုက်တော့အစေခံမလေးကလှမ်းဖမ်းလိုက်သည်။တကယ့်ပြသနာကအခုမှစတာပင်။

Love System (Completed)Where stories live. Discover now