အလင်း(Arc -1.6)

Start from the beginning
                                    

သုံးလေးချက်လောက်ထိုးဆိုက်ပီးနောက်တွင်လူသတ်သမားကတစ်ခုခုသတိပြုမိဟန်ဖြင့်စောင်ကိုဆွဲဖယ်လိုက်သည်။စောင်တေခေါင်းအုံးတေနဲ့အလုပ်ရှုပ်နေတုန်းအလင်းကလိုက်ကာနောက်မှထွက်ကာနံရံရှိမီးခလုတ်ကိုအလျင်မြန်နှိပ်ဖွင့်လိုက်တော့သည်။

ချောက်...

"ဟင်!!"

အလင်းသည်မယုံနိုင်ခြင်းများစွာဖြင့်ဆွံ့အသွားတော့သည်။

"မေမေ!"

သူ့အားသတ်ရန်ကြံစည်သောသူကသူ့အမေသာဖြစ်နေသည်။

"မေမေ ဘာ ဘာဖြစ်လို့"

"ဘာဖြစ်လို့လဲ ဟုတ်လား!ရှက်လို့ဟဲ့ ရှက်လို့!ငါတို့မျိုးရိုးထဲမှာနင့်ကိုကောင်မျိုးဘယ်သူမှမရှိဘူး ဘယ်နှယ့်ငါ့လိုမိန်းမကမွေးခဲ့တာအခြောက်တဲ့ ငါလက်မခံနိုင်ဘူး!ငါ့မိသားစုထဲမှာအားနည်းချက်ရှိတဲ့သူများငါလက်မခံနိုင်ဘူး ငါ့မိသားစုကပီးပြည့်စုံတဲ့မိသားစုဖြစ်ရမယ်! နင့်လိုအသုံးမကျတဲ့​ကောင်ကိုသတ်ပစ်ရမယ်! ပီးရင်ငါ့သမီးကြီးနဲ့မောင်စစ်သွေးကိုပေးစားရမယ် အဲ့တာမှငါတို့မိသားစုကရွှေရွှေချင်းထပ်သွားမှာ ဟား ဟား"

"ခဗျာရူးနေလား!"

ပြောလာသူကစစ်သွေးပင်..

"မင်း!မင်းကဘယ်လိုလုပ်အလင်းရဲ့အခန်းထဲရောက်နေရတာလဲ!နင်တို့တေ အမလေး အသုံးမကျတဲ့သားကသူ့ကောင်ကိုခေါ်အိပ်နေတယ် သတ်ပစ်မယ်!အရှက်မရှိတဲ့နင်တို့ကိုသတ်ပစ်မယ်!!!!"

<Zawgyi>
နှိစ်ခြိုက်စွာအိပ်ပျော်နေရာမှရုတ်တရက်ပစ္စည်းပြုတ်ကျသံတစ်ချို့ကိုကြားလိုက်ရတာကြောင့်အလင်းနိုးလာသည်။အသံကဝရန်တာဘက်မှလာတာဖြစ်လို့အလင်းကုတင်ဘေးကစားပွဲပေါ်ရှိပန်းအိုးကိုယူကာသတိဖြင့်လျှောက်လာသည်။ဝရန်တာနှင့်အခန်းကြားကာထားသည့်တလွှင့်လွှင့်လှုပ်ရှားနေသည့်လိုက်ကာနောက်တွင်လူရိပ်ကသိသိသာသာပေါ်လာသည်။ထို့ကြောင့်ရှိသမျှသတ္တိများဖြင့်လိုက်ကာစကိုလက်တစ်ဖက်ဖြင့်ဆွဲဖွင့်ကာမျက်လုံးကိုစုံမှိတ်ပီးပန်းအိုးဖြင့်ရိုက်ချလိုက်တော့သည်။

Love System (Completed)Where stories live. Discover now