(Unicode)
တော်ပါသေးရဲ့!!!
ဂျန်းကြောက်နေခဲ့တာ
မောင်ဆွဲမထားခဲ့မှာကို
သိပ်ကြောက်နေခဲ့မိတာ
ဒါပေမယ့် မောင်က ဂျန်းကို
သိပ်ချစ်ပြီးမခွဲနိုင်ဘူးတဲ့လေဘုရားမတာပါပဲ တကယ်ကျေးဇူးတင်မိတယ်ရှင်
အခုလည်း မောင်ကဂျန်းမွေးနေ့ကိုမမေ့ခဲ့ပါဘူး
သူမှတ်မိနေတာ ဂျန်းယူလာပေးတဲ့ ကိတ်မုန့်ကိုလည်း
သူအရသာရှိရှိကိုစားနေရှာသေးတာဂျန်းရဲ့ဘေးမှာထိုင်ပြီး
ကိတ်ကိုအသဲအသန်စားနေတဲ့
မောင့်ကိုကြည့်ပြီးအချစ်ပိုရပြန်တယ်
ချစ်စရာကောင်းလိုက်တာ"မောင်ရယ် ဖြေးဖြေးစားပါ
ဘယ်သူကလုစားနေလို့လဲ"ဂျန်းနီ မောင့်ရဲ့ပါးစပ်တစ်ဝိုက်ကို
လက်နဲ့ပွတ်ဆွဲပေးရင်းပြောတော့
မောင်ကပြုံးကာဆိုတယ်"ဗိုက်ဆာနေတာ"
"ဟယ် အဲ့တာအစောတည်းကပြောရောပေါ့
မောင်ရယ် မ တစ်ခုခုပြင်ပေးမှာပေါ့""ရပါတယ်ဒါလည်းဗိုက်ဝတာပဲကို"
"မောင်ကတော့လေတအားဆိုးတာပဲ"
"ဗျာ မောင်ကဘာဆိုးလို့လဲ မ ရဲ့"
"မဆိုးလို့လား တစ်နေကုန်ဘာမှမစားပဲ
အရက်ပဲသောက်နေတယ်လေ""သြော်အဲ့တာလား အဲ့တာကအသဲကွဲလို့လေ"
"ဒီကလေးနဲ့တော့လေ ဆင်ခြင်တွေနဲ့"
ဂျန်းနီ လီဆာ့နဖူးလေးကိုဖွဖွလေးတောက်လိုက်တယ်
"အ့ မ ကလည်းနာတယ်ဗျ"
"အပိုတွေဖွဖွလေးလုပ်တာကို"
ဂျန်းနီကဖွဖွလေးတောက်တာကို
မောင်ကသူ့နဖူးသူကိုင်ပြီး
အိုဗာတင်းလုပ်နေတာဂျန်းနီလည်းမောင့်ကိုအမြင်ကပ်တာနဲ့
ခေါင်းကိုနာနာလေးခေါက်ပေးလိုက်တယ်"အမလေးအမေရဲ့ အခုမှတကယ်နာတာ"
"ဟွန်း ဒါနဲ့ပြောထားရအုန်းမယ်
ဟိုကိစ္စကတကယ် မ နဲ့မဆိုင်ဘူး"မောင်အဲ့အကြောင်းကိုမေ့ထားတာ
ပြန်လည်းမတွေးချင်ဘူး
ဟိုလူ့ပါးစပ်ကဂျန်းနီပါလို့
ပြောလာပေမယ့်လည်း
မောင်ဂျန်းနီကိုပဲယုံချင်တယ်
YOU ARE READING
"မောင်"(JENLISA//LISOO)
FanfictionUni×Zawgyi "ချစ်ခြင်းအစ မုန်းခြင်းက❣️" Kရဲ့ငါးခုမြောက်ficလေးပေါ့..... အရင်ဟာတွေနဲ့မတူပဲတမူကွဲနေမယ့် •••••မောင်•••••• {ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်ကောင်များသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်..Idolများကိုထိခိုက်စေဖို့မရည်ရွယ်ပါ...Just a st...