3(မောင်)

6.2K 620 62
                                    

(Unicode)

"Ceoစုံစမ်းခိုင်းထားတာတွေရပါပြီ"

"ငါ့ကိုအခုပြောပြ"

"Lalisaရဲ့ချစ်သူကKimJisooတဲ့..
တွဲလာတာ2နှစ်နီးပါးတော့ရှိပြီဗျ..
သာမန်မိန်းကလေးပါပဲ ပြောရရင်
သာမန်ထက်ကိုသာမန်တဲ့သူပါ...
နောက်ပြီးကျောင်းလည်းပြီးအောင်မတက်ခဲ့ရဘူးတဲ့ မိသားစုစားဝတ်နေရေးကြောင့်
ပညာရေးကိုစွန့်လွတ်ခဲ့ရတာ
အခုလက်ရှိတော့ G cafeမှာ အလုပ်ဝင်နေပါတယ်"

"မိဘတွေကရော"

"အမေတစ်ယောက်ပဲရှိတော့တာဗျ...အမေဖြစ်သူကနာတာရှည်ရောဂါသည်လို့ပဲသိရပါတယ်"

"သွားလို့ရပြီ"

"ဟုတ်ကဲ့Ceo"

ထိုလူထွက်သွားတာနဲ့ သူမကခလုတ်တစ်ခုကိုနှိပ်လိုက်ပြီး....

"ကားအသင့်ပြင်ထား.."

​တွေ့ကြသေးတာပေါ့ KimJisoo ဘာတွေများမက်မောစရာရှိနေလို့ မင်းကအဲ့လောက်သဘောကျနေရတာလဲ.......သာမန်ပါပဲ...

သူမLaptop screenက Jisooရဲ့ ဓါတ်ပုံတွေကိုကြည့်ကာ တွေးနေလေရဲ့......

Jen သူနဲ့မတွေ့ဖြစ်တာတောင် သုံးရက်ရှိနေပြီ..
လွမ်းတယ်သူ့ကိုသိပ်လွမ်းတာပဲ

🍁🍁🍁🍁🍁🍁🍁

လီဆာတစ်ယောက် အလုပ်ခန်းထဲမှာ
နှစ်ထပ်အိမ် ဒီဇိုင်းလေးဆွဲနေလေရဲ့.....

"Lili....."

"မေမေ.."

"ဘာတွေဆွဲနေတာလဲ"

"ဟိုဟာလေ..."

သူဖြေရခက်နေတဲ့ပုံပဲ...

"ဒီအိမ်ကိုဆွဲနေခဲ့တာ လွန်ခဲ့တဲ့ခြောက်လလောက်တည်းကမလား မေမေမှတ်မိတယ်"

"ဟုတ်တယ်မေမေ"

"ဘယ်သူ့အတွက်မို့အဲ့လောက်တောင်စိတ်နှစ်နေတာလဲ"

"Liနဲ့ Sooနေဖို့ပါ မေမေ"

"........."

အမေဖြစ်သူတိတ်ဆိတ်သွားသည်...

သိပါတယ်ထင်ထားပြီးသား...Liသာဒီလိုပြောလိုက်ရင် မေမေကအခုလိုတုန့်ပြန်မှာမှန်း သိပါတယ်

"Liliလည်းသိပြီးသားနော် မေမေအဲ့ကလေးမနဲ့
သဘောမတူနိုင်မှန်း"

"မောင်"(JENLISA//LISOO)Where stories live. Discover now