(Unicode)
"မောင် လွမ်းနေခဲ့တာ"
သူမကအတင်းဖက်သော်လည်း
သူကအတင်းရုန်းတယ်
"လွတ်ဗျာ Liကိုမဖက်နဲ့"
"အရမ်းသတိရနေခဲ့တာမောင်ရဲ့ မောင်နဲ့တစ်ရက်
ပြည့်အောင်တောင် မခွဲနိုင်တော့ဘူးထင်တယ်"သူနှာခေါင်းရှုံ့လိုက်ပြီး အားနဲ့တွန်းဖယ်လိုက်တယ်
"အပိုစကားတွေ ကျုပ်မှာနားထောင်ဖို့အချိန်မရှိဘူး"
"မောင် ကျေးဇူးပြုပြီး မ ကိုယုံကြည်ပေးပါနော် အဲ့ကိစ္စကို မ တကယ်ဘာမှမသိတာပါ"
Jen မောင့်လက်လေးကိုအတင်းဆွဲပြီး
ပျာပျာသလဲရှင်းပြနေရတယ်...
"ကျုပ်မယုံနိုင်တော့ဘူး ခင်ဗျားကသိပ်ကြောက်စရာကောင်းတဲ့မိန်းမ"
"ဟင့်အင်း မောင် တို့အကုန်အမှန်တွေပြောနေတာ တို့ကဘာလို့Sooကိုမကောင်းကြံရမှာလဲ အခုလည်းမောင့်ကိုပိုင်ဆိုင်နေရပြီပဲကို"
"အဟက် JennieKimပီသပါပေတယ် ဘာတဲ့
အရင်KimJisooပဲခေါ်နေရင်းက Sooတဲ့လား"သူကတစ်ဖန်ခနဲ့သလိုဆိုလာပြန်တယ်
"မင်း မကိုယုံကြည်မှဖြစ်မယ်မောင် မ တို့ကြားမှာ
အနှောင့်ရှိနေတယ်သိရဲ့လား မောင်နဲ့ မ ကိုပြတ်သွားစေချင်တဲ့သူ""ဘယ်သူလဲပြောစမ်းပါအုန်း"
"Jeon Somi"
"ဘာ"
မ ရယ် ဘာတွေပြောနေပြန်တာလဲ
ဘာလို့Somiက မဖြစ်နိုင်တာတွေ
"ခင်ဗျား ဇာတ်ကစိတ်ဝင်စားဖို့မကောင်းဘူးနော်
ဘာလို့Somiကအဲ့လိုလုပ်ရမှာလဲ""ဘာလို့ဆို သူကမောင့်ကိုသဘောကျနေတာလေ"
"ဟမ်"
သူကငါ့ကိုသဘောကျနေတာ ဖြစ်နိုင်လို့လား
မ ပြောမှပြန်တွေးကြည့်ပြန်တော့လည်း
သူ့အပြုအမူတွေက တစ်ခုခုကိုရည်ညွန်းချင်သလို
ဒါပေမယ့်လည်း သူကငါ့ကိုစီနီယာတစ်ယောက်လို
VOCÊ ESTÁ LENDO
"မောင်"(JENLISA//LISOO)
FanficUni×Zawgyi "ချစ်ခြင်းအစ မုန်းခြင်းက❣️" Kရဲ့ငါးခုမြောက်ficလေးပေါ့..... အရင်ဟာတွေနဲ့မတူပဲတမူကွဲနေမယ့် •••••မောင်•••••• {ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်ကောင်များသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်..Idolများကိုထိခိုက်စေဖို့မရည်ရွယ်ပါ...Just a st...