အပိုင်း၁၄။ မောင့်ရနံ့ငယ်

Start from the beginning
                                    

ဒီအမည်ကို လက်ဝယ်ရတုန်းက လူအများက လက်ခုပ်ဩဘာပေးကာ ချီးမြှောက်ကြပေမဲ့ သူကတော့ ဒီအမည်ကိုမကြိုက်ပေ။

အမည်က သိပ်ကို မာန်မာနထောင်လွှားပုံပေါက်သည်။

အမည်က သူနဲ့မလိုက်မဖက်။

တဂယ်တော့သူက မာနလည်းမကြီး၊ ရိုးရိုးအေးအေးနေတတ်တဲ့သူတစ်ယောက်ပေ။

သို့ပေမဲ့ ဒီအမည်အတိုင်း မာန်မာနထောင်လွှားခဲ့သည်က ယခုအချိန်နဲ့တွက်ရရင် ၅နှစ်တိုင်တိုင်ရှိခဲ့လေပြီ။

မနက်ခင်းတမနက်လုံး ရုံးမှာဖြုတ်သင့်တဲ့ဖြုတ်အစားထိုးသင့်တဲ့သူထိုးရင်းနဲ့အချိန်ကုန်လို့ကုန်နေမှန်းတောင်မသိ။
နာရီစင်က နာရီကိုလှမ်းကြည့်မိတော့ နှစ်ချက်တီးတောင် ရှိနေပြီ။

အမှန်ဆို နေ့လည်စာစားချိန်ကိုကျော်လို့လွန်တောင်လွန်သွားပြီဆိုပေမဲ့ သူ ထမင်းစားချင်စိတ်မရှိ။
သို့ပေမဲ့လည်း အပြင်ထွက်ပြီးအပန်းတော့ဖြေချင်သေးသည်။

မနောထက် လူက မြန်သွားပြီး ရုံးအပြင်ကို ထွက်သွားလိုက်တော့သည်။

ရုံးတည်နေရာကမူ ဖယ်ယာလမ်းရဲ့အောက်ဘလောက်နားမှာရှိသည်မို့ မုန့်ဆိုင်တွေပေါများလှသည်။ ဒါ့အပြင် ဒီနားမှာ ဆိုဖဲယားအဆောက်အဦး၊ ဧရာဝတီဖလေ့တေးလာ ကုမ္ပဏီ၊ ဂရေ့လေးဘဏ် အစရှိတဲ့ အဆောက်အအုံတွေရှိသည်ကြောင့် စားသောက်ဆိုင်တွေလည်းပေါများပါဘိ။

သူကတော့ ကိန်းကြီးခန်းကြီးနိုင်တဲ့ထိုစားသောက်ဆိုင်တွေထက် လမ်းဘေးက ဆိုင်အသေးလေးတွေကိုပိုသဘောကျပါဘိ။

ဆိုင်တွေပတ်ကြည့်ရင်း အမြင်အာရုံတွေကိုဖမ်းစားသွားသည့်ဆိုင်လေးတစ်ဆိုင်။ အမှန်တိုင်းဆိုရရင် ဆိုင်ဆိုသည်ထက် ဆိုင်မှာမုန့်ဝယ်နေသည့်ကျောပြင်လေးကို စိတ်ဝင်စားသွားခြင်းပေ။

" အဒေါ် ကျွန်တော့်ကို အင်း ဘိန်းမုန့်၁၀ချပ်ထုတ်ပေး"

" အေး ကွယ် ခနနော် ဒီဘက်ကမိန်းကလေးက အရင်မှာထားလို့ခနစောင့်နော်သား"

" ဟုတ်ကဲ့ အဒေါ်"

ဆိုင်ထဲရောက်ရောက်ခြင်း ဆိုင်မှာရောင်း‌ေနသည့် ဘိန်းမုန့်ကို ၁၀ချပ် မှာလိုက်ပြီး ဘေးနားမှာရပ်နေသည့်အမျိုးသမီးငယ်ထံအကြည့်ပို့မိသည်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now