18

2.8K 131 6
                                    

မရဲ့ ဒိုင်ယာရီကို ဖတ်ပြီးတော့ ဆောင်း  မကို အများကြီး ပိုနားလည်လာမိသည်။ မက ဆောင်းကို ဆောင်းမကိုချစ်တဲ့အချစ်ထက်ပိုချစ်တယ်ဆိုတာ သိလာခဲ့တယ် မရဲ့ဒိုင်ယာရီကို ဖတ်ရင်း ဆောင်း ငိုမိပါသည်။

"ကလေး မ ပြီးပြီ ကြာသွားလို့ပျင်းနေပြီလား" ဆောင်း ရေချိုးခန်းဘက်ကို ကျောပေး၍ နေနေပါသဖြင့် ဆောင်း ငိုနေသည်ကို မ မသိပါ။ မ မေးတာကို ဆောင်းက မဖြေတော့ မက ဆောင်းဆီကို လျှောက်လာခဲ့ပါသည်။ ‌
"မ မေးတာ ဖြေအုံးလေ ဟင် ကလေးငိုနေတယ် ဘာဖြစ်လို့......" မ စကားဆုံးအောင်တောင် ပြောချိန်မရလိုက်ပါ။ ဆောင်းမကို ဖတ်ထားပြီး ငိုနေမိသည်။

မက ဆောင်းရဲ့ ကျောလေးကို ပွတ်ပြီး
"ဘာဖြစ်လို့ ငိုနေတာလဲ ဆောင်းလေးရဲ့ မကို ပြောပါ့အုံး"
"........"
ဆောင်း ဘာမှပြန်မဖြေဖြစ်ပါ။ ခနကြာတော့ မက သူမရဲ့ ဒိုင်ယာရီစာအုပ်ကို မြင်သွားပါသည်။
"မရဲ့စာအုပ်ကြောင့်လား အဲ့ဒါကြောင့်ဆို မငိုနဲ့တော့ ဘာမှလည်းဟုတ်တာမဟုတ်ဘူး အတိတ်ကပြီးခဲ့ပြီ မငို‌နဲ့တော့နော် ကလေး"
"......"မက ချော့နေပေမယ့် ဆောင်း ငိုမြဲငိုနေမိပါသည်။

"မ မကို ဆောင်းအရမ်းချစ်တယ်နော် ဘယ်လိုအကြောင်းမျိုးနဲ့မှ မနဲ့ မခွဲတော့ဘူးနော်"
"ဟုတ်ကဲ့ပါရှင် မရဲ့ကလေးလေးက မျက်ရည်တွေသုတ်လိုက်အုံး မ ကလေးနဲ့အတူသွားစရာရှိတယ်"
"ဟုတ် မ"
မက သဘတ်ကြီးကို ရင်မှာကပ်ထားဆဲပင် ဆောင်း ငိုနေသည်နှင့် မကို ခုမှသတိထားမိပါသည်။

မကို ခေါင်းကနေ ခြေအဆုံးထိကြည့်နေမိသည်။
မရဲ့ နှုတ်ခမ်းလေးက ပန်းရောင်သမ်းလို့ ဆောင်း တံထွေးတွေ မြိုနေမိသည်။
"ကလေး မကို ကြည့်ပြန်ပြီနော်"
"ဟဲဟဲ" မက ရုတ်တရက်ဆောင်းနားလာပြီ ဆောင်းရဲ့ နှုတ်ခမ်းလေးတစ်စုံကို လာနမ်းပါသည်။ စနမ်းတာ မ ဆိုပေမယ့် ဆက်ပြီးနမ်းမိတာက ဆောင်းဖြစ်နေသည်။ ဆောင်းမရဲ့နှုတ်ခမ်းကို အသက်ရှူဖို့ရန် လေလိုခါမှလွှတ်ပေးခဲ့ပါသည်။

"ရှင်လေး အတော်တတ်နော် ဒီနှစ်တွေအတွင်း ဘယ်သူတွေနဲ့သွားနမ်းလာတာလဲပြော"
"မကလဲ ဆောင်းက နမ်းဖို့မပြောနဲ့ အခြားလူဆို မျက်လုံးနဲ့တောင်မကြည့်ဘူး"
"ပြောတာပဲ ဒေါ်ဆောင်းယွန်းသံဇဉ် မ အဝတ်အစားဝတ်အုံးမယ် ခနနော် ကလေး"
"ဟုတ် မ"

အချစ်စစ်Where stories live. Discover now