11

2.1K 113 0
                                    

နောက်တစ်နေ့တွင်
ဆောင်းကျောင်းတက်ပေမယ့် မမကို နည်းနည်းလေးတောင် မကြည့်ပါ။ မမက မကြားခဲ့သလိုပဲ သဘောထားလိုက်မယ်တဲ့။ မမမို့ ဆောင်းနှလုံးသားကို မယုံရက်တယ်။ ဆောင်းမမနဲ့ ဝေးနိုင်သမျှဝေးဝေးနေပါမည်ဟု ဆုံးဖြတ်ချက်ချလိုက်ပါသည်။ အဲ့ဒါမို့ ဆောင်း အချစ်တွေကို ဆောင်းနှလုံးသားထဲမှာပဲ မြှုပ်နှံထားလိုက်ပါတော့မည်ဟု ဆုံးဖြတ်ချက်ချကာ မဝေးတော့တဲ့ စာမေးပွဲအတွက် စာကိုသာ အာရုံစိုက်နေလိုက်ပါသည်။ ဆောင်းရင်ထဲက ဒဏ်ရာတွေကိုတော့ ဆောင်းအပြင်မည်သူမှ သိနိုင်မယ်မထင်ပါ။ မိုးတို့က မေးပေမယ့် ဆောင်းမ‌ဖြေချင်သေးတာမို့ တစ်ယောက်ထဲပဲ တိတ်ဆိတ်စွာ နေလိုက်ပါသည်။
မိုးတို့ကလဲ အလိုက်တသိဆက်မမေးတော့ပါ။

ပန်းချီကို နည်းနည်းလေးတောင် လှည့်မကြည့်တဲ့ ဆောင်းကို မျက်လုံးချင်းဆုံလိုဆုံညား ပန်းချီ ခနချင်းကြည့်နေမိပါသည်။ ဒီကလေး သူပဲ ရည်းစားစကားပြော သူပဲ စိတ်ကောက်သွားသည်။ ငယ်သေးလို့ မခွဲခြားတတ်သေးဘူး ပြောတာကို ကောက်သွားသည်။ စာမေးပွဲက နီးနေပြီ စိတ်ကောက်ပြီး စာမလုပ်ဘဲနေမည်စိုးပေမယ့် စာကိုတော့ အာရုံစိုက်ပြီးကြည့်နေလို့ တော်ပါသေးသည်။ အပြုံအရယ်မရှိသည့်အပြင် ဘေးကသူငယ်ချင်းနှစ်ယောက်ကိုပင် စကားပြောမမြင်ပါ။

"ဆောင်းလေး သမီး ကျူရှင်မသွားဘူးလား"
ညနေကျူရှင်ချိန်ရောက်တော့ ဘာမှမပြင်မဆင်ဘဲ အိမ်မှာပဲစာလုပ်နေသည့် ဆောင်းကို မေမေက မေးလာသည်။
"စာမေးပွဲနီးပြီမို့ အိမ်မှာပဲ ‌စာလုပ်ချင်လို့ မေမေရဲ့"
"ဪ အေးပါကွယ် အဲ့ဒါဆို မေမေ အဆာပြေစားဖို့ မုန့်လာပို့ပေးနော်"
"ဟုတ်ကဲ့"
'ဒီကလေး ဘာဖြစ်တာပါလိမ့် ညကလဲ ဟိုမှာအိပ်မယ်ဆိုပြီး ခွင့်တောင်းပြီးမှ မေမေ့ကိုလွမ်းလို့ဆိုပြီး ပြန်ရောက်လာတယ်။ မျက်နှာကလဲ ရွှင်ရွှင်လန်းလန်းမရှိဘူး တစ်ခုခုတော့တစ်ခုခုပဲ'ဆိုပြီး ဒေါ်ယဉ်နွယ်စိတ်ထဲ တွေးနေမိသည်။

ပန်းချီကျူရှင်ချိန်ရောက်တော့ မိုးရတီတို့လာပေမယ့် ဆောင်းလေးမပါလာသဖြင့်
"ဆောင်းလေး ကျူရှင်မလာဘူးလား သမီးတို့"
"ဆောင်းက စာမေးပွဲနီးပြီမို့ အိမ်မှာပဲ စာကျက်ချင်တယ်တဲ့ မလာတော့ဘူးတဲ့ ဆရာမ အဲ့ဒါသမီးတို့ကို ပြောခိုင်းလို့"
"ဪ အေးပါကွယ်" ဆောင်းလေးက တကယ် မမကို ရှောင်နေတော့တာပဲ
"သမီးတို့လဲ ဆောင်းလေးလို အိမ်မှာပဲ ကျက်ချင်ကျက်လို့ရတယ်နော် မသိတာရှိရင် ဆရာမဆီ ဖုန်းဆက်မေးလို့ရတယ်"
"ဟုတ်ကဲ့"
မိုးတို့ ကျူရှင်ချိန်ပြည့်တော့ ပြန်သွားလေသည်။ ပန်းချီလည်း ပျင်းတာနဲ့ တစ်နှစ်နီးပါးကြာပြီဖြစ်တဲ့ မကြည့်ဖြစ်တဲ့ fbလေးကို ဖွင့်ကြည့်မိသည်။
Friend requestတွေ အများကြီးတက်လာသည်။ ထိုထဲမှ ဆောင်းယွန်းသံဇဉ်ဆိုတဲ့အကောင့်လေးကို မြင်တော့ ပန်းချီချက်ချင်းလက်ခံလိုက်သည်။ ပြီးတော့ အကောင့်ထဲဝင်ကြည့်တော့ feel postတွေ အတော်များများတွေ့ရတယ်။ ဒီနေ့တင်ထားတဲ့ storyထဲဝင်ကြည့်တော့ အသဲနှလုံးပုံလေးကို ကြက်ခြေခက်ထားတဲ့ပုံလေး တင်ထားတယ်။
ပန်းချီစိတ်ထဲတွင် ဒီကလေး စိတ်ကို အရမ်းအလိုလိုက်တာပဲလို့ တွေးနေမိတယ်။
စာပို့ရန်စဉ်းစားမိ၍ ကြည့်တော့ 5hours agoတဲ့ ‌မရှိလဲ တက်လာခါမှ ကြည့်ပေါ့ဆိုပြီး စာပို့ထားလိုက်သည်။
"ဆောင်းလေး မမကို စိတ်မဆိုးနဲ့တော့နော် စာမေးပွဲကနီးနေပြီ စာမသိတာရှိခဲ့ရင် မမဆီလာမေးလဲရတယ် ဖုန်းဆက်မေးလဲရတယ် အခြားအရာတွေမစဉ်းစားနဲ့နော် စာပဲအာရုံစိုက် မမ ကလေးလေးက လိမ်မာပါတယ်‌ နော်...နော်..."
‌ဆောင်းဆီစာပို့၍ ပန်းချီ ချက်ချင်းလိုက်ပိတ်၍ အိပ်လိုက်ပါသည်။

အချစ်စစ်Where stories live. Discover now