အပိုင်း၁၃။ သွေးကြွေး

Start from the beginning
                                    

" တော်တော် အကြွေးဆိုတာ နားဖျားဝမှာတောင်ကြားရမှာ မသတီဖူးဟေ့"

" အမယ်လေး ဟုတ်ပါပြီရှင်"

" ဒါနဲ့မြို့တော်မှာသတင်းတစ်ခု ဟိုလေးတကျော်ကျော်ဖြစ်နေတယ်"

" ဘာများတုန်း"

" ယခင်မယ် တို့ရန်ကုန်မြို့တော်ကို အုပ်ချုပ်နေတဲ့ မြို့အုပ်မင်းက ရာထူးတိုးသွားခရိုင်ရှင်တော်ဝန်ဖြစ်သွားပြီလေ "

" ဟုတ်လား "

" အေးဟယ် အဲ့တာ အဲ့နေရာမှာအစားထိုးရောက်လာမယ့် မြို့အုပ်မင်းက ငယ်ငယ်လေးတဲ့တော် ဘိလပ်ကတောင်ပြန်လာတာမယ် မကြာသေးဖူးတဲ့ "

" မချိုရယ် မြို့အုပ်မင်းတွေမယ် ဘယ်သူကများ ဘိလပ်ပြန်မဟုတ်တာတွေ့ဖူးလို့တုန်း ဘယ်အရာကများထူးဆန်းနေလို့တုန်း"

" မထူးဆန်းပေမဲ့ ယခင်မယ် မြို့အုပ်မင်းတွေ အသစ်ပြောင်းလာရင် အသက်ကြီးကြီးတွေပဲ ပြောင်းတယ်ရော ဒါပေမဲ့ ယခုမယ် အသက်ငယ်ငယ်လေးပြောင်းလာတယ်ဆိုလို့ ထူးဆန်းလို့ပါအေ"

"  အဲ့သလိုဆိုရရင် ဟုတ်တယ်နော်  အသက်ငယ်တဲ့မြို့အုပ်ပြောင်းလာတာပထမဆုံး ပဲ"

" ဟုတ်ပါတယ်ဆို အေ မြို့အုပ်မင်းနာမည်က ဆန်းဆန်းလေးပါ ငါပါးစပ်ဖျားတင်မေ့နေလို့ အာသိပြီ သိပြီ ဦး..."




"လင်းမြင့်ဇရာမျိုး"

"  နာမည်ခေါ်ရလောက်အောင်ထိဘာတွေများအရေးတကြီးဖြစ်နေလို့လဲ  "

ထိုစကားဆိုလိုက်တော့ စာကြည့်ခန်းအပေါက်ဝမယ် မက်တပ်ရပ်‌ေနသည့် အသက်အလတ်ပိုင်း အမျိုးသမီးက စာကြည့်ခန်းထဲသို့ဝင်လာသည်။

" မြို့အုပ်မင်းဖြစ်ပြီဆိုတော့ သွေးကြေးဆပ်ဖို့ မမေ့ပါနဲ့ သား"

စကားအဆုံးမှာ  မျက်မှောင်ကျုပ်သွားခဲ့သည်။

" စိတ်ချပါ အဲ့ဒီ သွေးကြေးကို သေချာပေါက်ဆပ်မှာပါ"

" သားကိုပဲ ဒီအမေအိုက ယုံထားလိုက်မယ်နော်"

" သွေးကြွေး‌ကို သေချာပေါက်ဆပ်ပေးမှာမို့ ခင်ဗျား ကျုပ်ကို သားလို့ မခေါ်နဲ့  မိထွေးက မိထွေးလိုနေ!"

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now