အခန်း [ ၄ ]

Start from the beginning
                                    

"ကျွန်တော် အခုတကယ်အဆင်ပြေပါပြီ"

လုပ်ကြံသူဟာ သက်သေပြဖို့အတွက် ရုန်းကန်လိုက်၏။

"ကျွန်တော် လေ့ကျင့်ခန်းလုပ်ဖို့ ခြံထဲမှာလမ်းနည်းနည်းလျှောက်ချင်တယ်၊ အိပ်ရာထဲမှာပဲ ရက်အကြာကြီးနေနေရတော့ ကျွန်တော့်အရိုးတွေတောင် တဖြည်းဖြည်းနဲ့လျော့ရဲလာပြီ"

"ဒါပေမဲ့ ကိုယ်ထင်တာတော့ မင်းအရေပြားကအရိုက်ခံချင်လို့ယားယံနေတဲ့ပုံပဲ"

ကျောက်‌ဟွိုင်က သူ့ကိုအေးစက်စွာ ကြည့်လာသည်။

လုပ်ကြံသူမှာ ကြောက်သွားရပြီး စကားလုံးများကိုချက်ချင်းပြောင်းပစ်လိုက်၏။

"တကယ်တော့ အဲ့လောက်လဲ ကျွန်တော်အပြင်ထွက်ဖို့မလိုသေးပါဘူး၊ အိပ်ရာထဲမှာလှဲနေရတာပဲ ကောင်းတယ်၊ အရမ်းကောင်းတယ်"

ကျောက်ဟွိုင်မှာ စိတ်ကျေနပ်သွား၏။ကျောက်ဖေးရွှမ်းဆေးသောက်နေသည်ကို သူစောင့်ကြည့်နေပြီးနောက် သစ်သီးခြောက်များထည့်ထားသည့် ပန်းကန်ပြားတစ်ခုအား ယူသွားပေးလိုက်သည်။အခြောက်ခံထားသည့်ပန်းသီးများမှာ သကြားလွှာခပ်ပါးပါးလေးဖြင့်ဖုံးအုပ်ထားရာ ရနံ့မှာအထူးချိုမြိန်လှ၏။

လုပ်ကြံသူသည် သစ်သီးခြောက်နှစ်ခုအား သူ့ပါးစပ်ထဲအပြည့်ထိုးသိပ်လိုက်ရင်း ပျော်ပျော်ကြီး ဝါးစားတော့သည်။မမျှော်လင့်စွာပဲ သူ့ကိုပထမဆုံးအနေဖြင့် သစ်သီးခြောက်ချိုချိုလေးပေးလာသူမှာ သူ့ဇနီးမဟုတ်ပါဘဲ ကံမကောင်းသည့်အလုပ်ရှင်ဖြစ်နေသည်။သို့သော်လည်း ဒါကိုအလုပ်တွင်းမတော်တဆဟုသတ်မှတ်၍ရသည့်အတွက် ကံမကောင်းသည့်အလုပ်ရှင်ဟာ သူ့ကိုပိုပြီးကောင်းကောင်းမွန်မွန်ဆက်ဆံသင့်သည်ပင်။

ဆိုတော့၊ ဒီအလုပ်တွင်းမတော်တဆမှုကဘယ်လိုဖြစ်လာခဲ့တာလဲ?

မနေ့ညက အိမ်တော်ထဲကို အနက်ရောင်အဝတ်အစားဝတ်ဆင်ထားသည့် လုပ်ကြံသူတစ်ယောက် ခိုးဝင်လာခဲ့သည်။ဖိတ်ခေါ်မထားသည့်ဧည့်သည်၏ ကိုယ်ခံပညာမှာ အလွန်မြင့်မားသော်လည်း သူ့၏လှုပ်ရှားမှုများက ပုံမှန်လုပ်ကြံသူများကဲ့သို့ ပေါ့ပါးလျင်မြန်မနေပေ။ကြည့်ရသည်မှာ အသက်အရွယ်ကြောင့်ဖြစ်နိုင်၏။လုပ်ကြံသူ၏ ကျွမ်းကျင်မှုအရဆိုပါက သူဒဏ်ရာမရသွားခဲ့သင့်ပေ။

The Unemployed Assasin [ဘာသာပြန်] /Completed/Where stories live. Discover now