လက်စွပ်ဝယ်ပြန်လာကတည်းကအေးစက်စက်ဆက်ဆံခြင်းခံခဲ့သည်မှာဒီနေ့အထိ။

အခုလည်းဘာမှမပြောဘဲထွက်သွားပြန်သည်။

အတွင်းရေးမှူးရောက်လာပြီးကျောင်းဝတ်စုံစကတ်အားလုံးယူသွားကာနာရီပိုင်းအတွင်းပြန်ပေး၏။

အတိုမှအရှည်သို့ပြောင်းလဲသွားသောစကတ်များ။

ညစာစားရန်ထိုင်စောင့်​နေသော်လည်းပေါ်မလာသောလူတစ်ယောက်ကြောင့်ပူတူးမပျော်ရွှင်။

"မမလေး . . . alphaကအလုပ်ကိစ္စရှိလို့ဒီနေ့ညအိမ်ပြန်နောက်ကျပါမယ် . . . စားနှင့်ဖို့မှာသွားပါတယ်"

မှိုင်နေသောမျက်နှာမှာပို၍သေးငယ်သွားသည်။

(၄)ရက်တာကာလတွင်နေ့တိုင်းညစာအတူတူစားဖြစ်ခဲ့ကြသည်ကြောင့်ဒီအခြေအနေနဲ့သူမမရင်းနှီးပေ။

"ဘာအလုပ်ကိစ္စလဲ"

အတွင်းရေးမှူးမှာဖြေရခက်သွားသော်လည်းချက်ချင်းပင်လျော်ညီမည့်အဖြေတစ်ခုတွေးလိုက်သည်။

"ရင်းနှီးမြှုပ်နှံသူတွေနဲ့ညစာစားဖို့ကိစ္စပါ"

မိန်းကလေးမှာဘာမေးခွန်းမှဆက်မမေးတော့ဘဲအစားစတင်သုံးဆောင်နေသည်ကြောင့်အတွင်းရေးမှူးအသက်ရှုချောင်သွားသည်။

မုသားမဆိုချင်သည့်တိုင်စစ်ထက်ဇွဲနိုင်ရဲ့အတွင်းရေးမှူးဖြစ်နေသည်ကြောင့်ရှောင်လွှဲ၍မရ။

ည(၉)နာရီကျော်နေသည့်တိုင်ပြန်မလာသေးသောတစ်စုံတစ်ယောက်ကြောင့်သူမရင်ထဲမတင်မကျခံစားချက်တစ်ခုကြီးစိုးလာ၏။ဘာလဲသေချာမသိပင်မဲ့တစ်ခုခုလွဲမှားနေပြီဆိုတာတော့ပူတူးခံစားမိနေသည်။

နောက်ဆုံးတွင်တော့သူမဆုံးဖြတ်ချက်ချလိုက်သည်။

'ကိုကို' ဟူသောနာမည်တစ်ခုကိုနှိပ်ရန်လက်ပြင်လိုက်သော်လည်းမဝံ့ရဲပေ။

သူမဖုန်းခေါ်လိုက်လို့တစ်ဖက်မှာအနှောင့်အယှက်ဖြစ်သွားမှာမျိုးမလိုချင်။အခန့်မသင့်ရင်အော်ငေါက်ခံရနိုင်သည်ကြောင့်ဖုန်းခေါ်ဖို့တွန့်ဆုတ်နေလေသည်။

ဂွမ်းလုံးWhere stories live. Discover now