" တကယ်လို့ သူသာ ကောင်းကောင်း မနေရင် ကျွန်တော် က ဘာလို့ သူ့ကိုနောက်ထပ် ကလေးတစ်ယောက် မွေးပေးရမှာတဲ့လဲ''

ထိုစကားကို ကြားလိုက်တာနဲ့ လူတိုင်း က ပေါ်စုကို ရည်ညွှန်း နေကြမှန်း သဘောပေါက် လိုက်ကြတယ်။

" ဟုတ်တယ် ။ ကျွန်မလည်း ဒီအကြောင်း ကို နောက်မှပြောမလို့ပဲ။ ဒါပေမယ့် ကလေး တစ်ယောက်မွေးတယ်ဆိုတာက အတော်လေးခက်ခဲတဲ့ အလုပ်ဆိုတာကို ကျွန်မတို့အမျိုသမီးတွေ အကုန်လုံး သိနေကြတာပဲ ''

ကွမ်ယုပိုင်က သက်ပြင်းချကာ ပြောလိုက် ပေမယ့် သူမကလုံးဝကို သက်တောင့်သက်သာ ဖြစ်နေလေတယ်။

( ဒုတိယတစ်ကွက် ထပ်ပြတဲ့မေမေကွမ်)

သူမ အနေနဲ့ ကျန်းချူနမ် ကိုသာ စောစောလက်ထပ် ခဲ့ရင်ကျန်းရှုလေးကို ပိုပြီးဂရုစိုက်ပေးနိုင်ခဲ့မှာ။ အခုတော့ကလေးလေးကလည်း သူ့ရဲ့သက်ဆိုင်ရာ ကောင်းမွန်တဲ့မိသားစုကို ရှာတွေ့သွားပြီ ဆိုမှတော့လည်း သူမ စိတ်သက်သာရာ ရသွားပါပြီ။

"ကျွန်တော့်မှာ ဘာထင်မြင်ချက်မှ မရှိပါဘူး ''

ရှုပေါ်စုက သူ့အဖေရဲ့ အရိပ်အမြွတ် ပြတာကို လျစ်လျူရှုပြီးတော့ အော်တိုပြန်ဖြေတက်တဲ့ စက်ရုပ်လိုမျိုးသာ ပြန်ဖြေလိုက် တယ်။

ရှုပေါ်စု ရဲ့ ပထမဆုံး ကလေးက ရှုမျိုးရိုး မဖြစ်နိုင်တော့တာ သေချာသွားတဲ့အချိန်မှာတော့ ရှုအိမ်က လင်မယားခမျာ သူတို့ရဲ့ သက်တမ်းတွေ တစ်ဝက်လောက် တိုသွားတယ်လို့ခံစားရလေတယ်။ ၂ယောက်စလုံး ရင်တွေနာပြီးတော့ မသက်မသာ ဖြစ်နေခဲ့တယ်။ ဒါပေမယ့် သူတို့ခမျာ ဘာများလုပ်နိုင်အုံးမှာတဲ့လဲ?

မစ္စတာ ရှုခမျာ ဝက်လိုအသင်းဖော် ဖြစ်တဲ့ ဇနီးကိုအပြစ်တင်လို့ မရသလို ဘာစကားမှဝင်မပြော ပေးတဲ့သားတော်မောင်ကိုလည်း စိတ်ဆိုးလို့မရပေ။ ပြီးတော့ ပိုဆိုးတာက ကျန်းရှုကို မညှိုနှိုင်းရဲတော့ပေ။ အဲ့တော့လည်း သူ့ခမျာ ထိုရလဒ်ကိုပဲအောင့်သက်သက်နဲ့ လက်ခံလိုက်ရတော့တယ်။

ပထမဆုံး ရွေးချယ်မှု လုပ်ခဲ့တာက သူတို့ကိုယ်တိုင်ပဲလေ။ နောက်တော့ စိတ်ဓာတ် ကျနေတဲ့မျက်နှာ ၂ခုက အချင်းချင်း ဆွေးနွေးပြီးတဲ့နောက်မှာတော့ သူတို့လက်ခံလိုက်တာက ဒီကလေးက ရှုပေါ်စုရဲ့ မိန်းမရဲ့ကလေးဆိုကတည်းက ကလေးက မအေဘက်ကမျိုးရိုးကို ယူလည်း သူတို့ရဲ့မြေးဖြစ်နေတုံးပဲ ဆိုတာကိုပေါ့။ ကွမ်မျိုးရိုးနဲ့ ဘာမှ မသက်ဆိုင်ဘူး ဆိုတာကိုသဘောပေါက်သွားလေတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now