ဒါပေမယ့် သူ့မိန်းမကိုချည်းပဲ အပြစ်တွေတင်နေလို့ မရပေ။ အဲ့အချိန်တုံးကလည်း သူကသူမကို တားဖို့ရာဘာ စကားတစ်ခွန်း မှမပြောပေးခဲ့တာပဲလေ။

ဒါ့ပြင် ဒီလိုရုပ်ရည်သွင်ပြင်ကအစ အမျိုးသား ဖြစ်တဲ့လူက ကိုယ်ဝန်ဆောင်နိုင် မယ်ဆိုတာကို ဘယ်သူကမှ မတွေးခဲ့ဘူး ပေ။

" ပေါ်စု''

မဒမ်ရှု ကတော့ သူမရဲ့သား က တစ်ခုခု ကူပြောပေးမှာကို မျှော်လင့်နေခဲ့တယ်။ ရှုပေါ်စု ကတော့ တကယ်ကြီး အကူအညီမဲ့ နေခဲ့ပါပြီ။ ဒီအချိန်မှာ သူကစကားမပြောတာက မှန်ကန်တဲ့ လုပ်ရပ်လို့ပဲ ယူဆတယ်။ ဘာလို့လဲ ဆိုတော့ သူ့အမေလုပ်ပုံက အတော်လေး လွန်ခဲ့တာကြောင့်ပဲ ဖြစ်တယ်။ ဒါပေမယ့် သူမဟာ သူ့ရဲ့အမေဖြစ်တာကြောင့် အမေ့အကြည့်တွေကိုတော့ မရှောင်ဖယ်ခဲ့ပါပေ။

" ဒါဆို ဒါက အတည်ဖြစ်ပြီပေါ့နော်''

ကျန်းချူနမ်ဟာ သူ့ဘဝမှာ သူ့မျိုးရိုးနာမည်နဲ့ မြေးလေးတစ်ယောက် ရလာလိမ့်မယ်လို့ တစ်ခါမှမမျှော်လင့် ဘူးတာကြောင့်အတော်လေး ပျော်ရွှင်နေခဲ့တယ်။

" ဟမ့် ရှုရှု မင်းက ငါ့အမွေတွေကို မလိုချင်ဘူး လို့ပြောတယ်နော်။ မင်းမယူမှတော့ အချိန်ကျလာရင် ငါ့မြေးကိုပဲ ငါပေးရတော့မှာပေါ့''

" ကျွတ်စ်''

ကျန်းရှုက သောက်ဂရုမစိုက်ပေမယ့် ဘာမှလည်း မကန့်ကွက်ခဲ့ပေ။

" အို''

ရှုထင်းရှောင်က သက်ပြင်းချ ကာ နောက်တစ်ကြိမ် ပြန်ညှိနှိုင်း ဖို့ကြိုးစား လိုက်တယ်။

" ပထမ ကလေးရဲ့ မျိုးရိုးကို မင်းရဲ့ကျန်းမျိုးရိုးပေးလည်း အဆင်ပြေပါတယ် ။ တကယ်လို့ မင်းဒုတိယ ကလေးမွေးရင်တော့ ပေါ်စုရဲ့ မျိုးရိုး နာမည်လေးပေးလို့ရနိုင်မလား''

( အေ့လေ သူတို့လည်း အမွေပေးစရာမြေးလိုချင်သေးတယ်လေ 🤣🤣)

ရှုထင်းရှောင်က ပြောပြီးတာနဲ့ သူ့သားကို တစ်ချက်လှမ်းကြည့် လိုက်တယ် ။

" ဒါကတော့ လာမယ့် အနာဂတ် နဲ့ဆိုင်သွားပြီဗျ''

ကျန်းရှုက တည်ငြိမ်စွာ နဲ့ပြောတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now