အလင်း(Arc -1.1)

Depuis le début
                                    

အလင်းရဲ့လက်နှစ်ဖက်ကိုအုပ်ကိုင်ကာစကားတေတောက်လျှောက်ပြောနေတဲ့ထိုလူကအလင်းရဲ့အာရုံကိုထပ်မံဖမ်းစားလိုက်ပြန်သည်။သွယ်လျှတဲ့မျက်နှာလေးတွင်မျက်ခုံးထူထူနှာတံသွယ်သွယ်လေးနဲ့ကြည်လဲ့တဲ့မျက်ဝန်းလေးကနေရာယူထားသည်။ထို့နောက်သွယ်လျှတဲ့နှုတ်ခမ်းလေးနဲ့ပါးထက်ကပါးချိုင့်လေးနှစ်ခုကပြီးပြည့်စုံလွန်းသည်ထက်ကိုပိုနေသည်။စိုးရိမ်တကြီးမေးမြန်းနေတဲ့စစ်သွေးကတိတ်ဆိတ်နေတဲ့အလင်းကြောင့်စိုးရိမ်စိတ်ကမြင့်တင်လာသည်။

"လင်း ကိုကို့ကိုစကားပြန်ပြောပါအုံး အဲ့လောက်တောင်အခြေနေဆိုးသွားတာလားဟင် လင်းအဲ့အိမ်မှာမနေချင်တော့ရင်ကိုကို့ဆီလာနေလို့ရတယ် ကိုကိုလင်းကိုစောင့်ရှောက်ပေးမယ် ကိုကို့အမှားမှန်းကိုကိုသိတယ် ဒါပေမယ့်ကိုကိုမတောင်းပန်နိုင်ဘူး လင်းကိုချစ်လွန်းလို့ပိုင်ဆိုင်ချင်မိတာ အခုလိုမြန်မြန်ဖွင့်ပြောခိုင်းလိုက်ရလို့လင်းမိသားစုကလက်မခံရင်တောင် ကိုကိုလင်းကိုလက်မလွှတ်နိုင်ဘူး မြန်မြန်ဖွင့်ပြောခိုင်းမိတဲ့အတွက်ကိုကိုမှားမှန်းသိပေမယ့်ကိုကိုမတောင်းပန်နိုင်ဘူး  ကိုကိုမင်းကိုပိုင်ဆိုင်ချင်တယ် မင်းကကို့ကို့အပိုင်ပဲ"

"ပြောလို့ပီးပီလား ပီးရင်ကျနော်ပြောမယ် မေမေတို့ကမကန့်ကွက်ဘူးလက်ခံတယ်တဲ့ သားချစ်သူကိုအိမ်ခေါ်လာခဲ့လို့တောင်ပြောတယ်"

"ဟင်!တကယ်လား လင်းတကယ်ပြောနေတာလား"

"အင်းဆို"

"ဝမ်းသာလိုက်တာလင်းရယ် ကိုကိုအရမ်းပျော်တာပဲ လင်းရောမပျော်ဘူးလား"

"ပျော်ပါတယ်"

"အလင်း မင်းလေးကကိုယ့်ရဲ့အသက်ပါပဲကွာ ဒီနေ့ကစပီးမင်းလေးကိုအသက်လို့ပဲခေါ်တော့မယ် နော် အသက်"

"ဟင်!အင်း အင်းပါ"

"ချစ်တယ် အသက်"

"အင်းပါ"

>>>>>

(bunny ငါ့ကိုစစ်သွေးအကြောင်းပြောပြပါလား)

(ဟုတ်ကဲ့host စစ်သွေးကGကုမ္မဏီရဲ့တစ်ဦးထဲသောအမွေဆက်ခံသူပါ မိဘတေကအငြိမ်းစားယူထားကြပါတယ် ချစ်သူရည်းစားမရှိခဲ့ဖူးဘူး အရှုပ်ရှင်းကင်းတယ်)

(ဒါပဲလား)

(ဟုတ် ဒါပါပဲ)

(စစ်သွေးကဖြစ်နိုင်ခြေနည်းတယ် ပိုက်ဆံကြောင့်လို့ပြောရအောင်လဲသူ့ရဲ့ပိုင်ဆိုင်မှုကငါ့ထက်အများကြီးသာတယ် သက်ထားကိုချစ်မိသွားရအောင်လဲသူနဲ့သက်ထားနဲ့ကသိတောင်မသိဘူး)

(hostကစစ်သွေးကိုဘယ်လိုလူလို့မြင်လဲ)

(သူကလား တည်ကြည်တယ် ခန့်ညားတယ် ဆွဲဆောင်မှုရှိတယ် ပီးတော့အချစ်ရိပ်သန်းနေတဲ့မျက်ဝန်းတေလဲပိုင်ဆိုင်ထားတယ် အထူးသဖြင့်ပါးချိုင့်လေနှစ်ဖက်ကအရမ်းဆွဲဆောင်မှုရှိတယ်)

(hostကသူ့ကိုစိတ်ဝင်စားနေတာလား)

(အဲ့ အဲ့လိုကြီးတော့မဟုတ်ဘူးလေ ဒီတိုင်းသူကကြည့်ကောင်းနေလို့ပြောတာ)

(ဟုတ်လို့လား)

(ဟုတ်တယ်ဆို ဘာမှန်းမသိဘူး)

အလင်းရှက်ရှက်နဲ့ကုတင်ပေါ်တက်ကာခေါင်းအုံးထက်မျက်နှာကိုမှောက်လိုက်သည်။သူ့ဘဝတွင်ဘယ်သူ့ကိုမှအခုလိုမခံစားခဲ့ရဖူးဘူး။ထိုလူကြည့်တဲ့အကြည့်တေကိုသူခံနိုင်ရည်မရှိဘူး။ထိုလူရဲ့အသံလေးကသူ့ရဲ့စိတ်အာရုံကိုထိန်းချုပ်ထားနိုင်သည်။သူရယ်လိုက်တိုင်းပေါ်လာတဲ့ပါးချိုင့်လေးနှစ်ခုကသူ့အားဖမ်းစားထားနိုင်တဲ့အဓိကအရာလေးပေါ့။

Love System (Completed)Où les histoires vivent. Découvrez maintenant