အဆုံးသတ်

979 87 8
                                    

ဇာတ်ပေါင်းခန်း

__

၂၀၀၁ ခုနှစ် ၊ ဖေဖော်ဝါရီ ။

ဂျယ်မင်းက အဆိုးအဆာကလေး ။
ဂျယ်မင်းဟာ ဂျဲနို မြင်ဖူးသမျှ လူတွေအကုန်လုံးထက် ဆိုးနိုင်တဲ့ အဆိုးအဆာကလေးဖြစ်တယ် ။

ဒါပေမဲ့လည်း အဲ့ဒီအဆိုးအဆာကလေးကိုမှ အချစ်ဦးရယ်လို့ မြတ်နိုးခဲ့မိတော့ နေ့ရက်တိုင်းမှာ ဂျဲနိုဟာ ဂျယ်မင်းစိတ်နဲ့ ရှင်သန်ခဲ့ဖူးရဲ့ ။

နှစ်နှစ်ခွဲလောက် အတူတူရှိခဲ့ပြီး ငါးနှစ်ခွဲလောက် ထားခဲ့ခံရတဲ့ လူတစ်ယောက်အနေနဲ့ပြောရင်တောင် ဒုတိယမြောက် ချစ်စရာလူရယ် ဘယ်လိုမှရှိမလာနိုင်တဲ့နောက် ဂျဲနိုရဲ့ နေ့ရက်တွေဟာ တစ်စုံတစ်ယောက်ကို လွမ်းရင်း ကုန်ဆုံးသွားခဲ့ရတယ် ။

မေ့ပစ်ဖို့ကြိုးစားတယ် ၊ စိတ်ဖြတ်မယ်လုပ်တယ် ။
နည်းမျိုးစုံနဲ့တော့ ဘ၀ထဲမရှိတော့တဲ့သူကို ဂျဲနိုဟာ မတမ်းတမိအောင် အတတ်နိုင်ဆုံး နေထိုင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ကြိုးစားမှုဟာ အချည်းနှီးပါပဲ ။

အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့ဘူး တဲ့ ။
ဂျဲနိုက အမျိုးသမီးတွေအပေါ် စိတ်၀င်စားမှုမရှိဘူး ။
နောက်ထပ်တစ်ခုက ချုပ်ချယ်နေမဲ့ မိဘပါ မရှိဘူး ။
သူဟာ စိတ်လွတ်ကိုယ်လွတ် တစ်ယောက်ယောက်ကိုလွမ်းရင်း ရူးခဲ့တဲ့နေ့ရက်တွေထဲ ပျော်၀င်နေခဲ့ရုံ ။

ဒုံးဟျော့ခ်ကို ဂျဲနိုက ကတိတွေပေးတယ် ။
ဂျယ်မင်းပြန်လာတာကို မျှော်မနေတော့ပါဘူးလို့ ၊
အတိတ်တွေကိုပဲ ငေးမျှော်ရင်းနေထိုင်သွားပါ့မယ်လို့ ။
ပြီးတော့ ဂျဲနိုက သူ့ကတိတွေတည်ဖို့ ဒုံးဟျော့ခ်ရှေ့မှာ ဂျယ်မင်းကို မတမ်းတမိအောင် ကြိုးစားခဲ့ပါသေးရဲ့ ။

ဒါပေမဲ့ တစ်ယောက်တည်းရှိတဲ့ အချိန်တွေများမှာတော့  ဟိုးအရင်တုန်းက ဆေးတွေပြယ်လုနီးပါး ဓာတ်ပုံတချို့ကို တမျှော်တခေါ်ငေးမောနေမိတော့တာ ။
လူမသိတဲ့ ဆက်ဆံရေးအောက် ညီအစ်ကိုဓာတ်ပုံဆိုရင်း သွားရိုက်ခဲ့တုန်းက သူတို့နှစ်ယောက်ဟာ အားပါးတရ ရယ်မောနေခဲ့ကြဖူးတာ ။
ဂျဲနိုက ဂျယ်မင်းကိုဖက်လို့ ဂျယ်မင်းက ဂျဲနိုပခုံးပေါ် ခေါင်းလေးတင်တော့ 'ညီအစ်ကိုတွေ သိပ်ချစ်ကြတာပဲ'ဆိုတဲ့ ဓာတ်ပုံဆရာရဲ့ စကားတချို့ကိုလည်း သတိရ ။

You've reached the end of published parts.

⏰ Last updated: Jun 03, 2022 ⏰

Add this story to your Library to get notified about new parts!

ချစ်သော || NoMinWhere stories live. Discover now