အခန်း လေး

460 72 7
                                    

ကိုယ်ဖမ်းဆုပ်ထားတဲ့ မင်းလက်တစ်ဖက်ဟာ
မသိမသာပြေလျော့နေ ..
နောက်ကျောခိုင်းထားပြီးရွေးတဲ့လမ်းမှာ
ပန်းတွေကြွေတော့‌မလေ ။
ချစ်သောရေ ..
အဝေးမှာပျော်တော့လေ ..။

-

၁၉၉၅ ခုနှစ် ၊ မေလအစ ။

" ကိုကို ငါလေ ခေါက်ဆွဲပြုတ်ကို အသားတွေထည့်ပြီး စားချင်တယ် "

ညဉ့်နက်နက် မနက်နှစ်နာရီမှာ အိပ်နေတဲ့သူ့ကိုနှိုးလို့ ထုတ်ပြောတဲ့စကားဟာ ဘာစားချင်ကြောင်းတွေဖြစ်တော့ ဂျဲနိုမှာ အံ့ဩမိရတယ် ။

ဆိုင်ပိတ်ထားပြီး အတူအချိန်ကုန်ပေးပါမယ်ဆိုမှ တစ်နေကုန် ကျောင်းကစာတွေကြောင့် ပင်ပန်းနေလို့ပါတဲ့ ၊ ညနေငါးနာရီကတည်းက ထိုးအိပ်သွားပြီး မနက်နှစ်နာရီမှ ဗိုက်ထဆာပုံပေါ်တယ် ။ သခင်လေးလို အချစ်ဆုံးဟာ လိုချင်တယ် ဆိုတာထက် ရမှဖြစ်မယ်ဆိုတဲ့ အကြည့်ကလေးတချို့ကိုလည်း စေလွှတ်တတ်ပြန်သေး ။

သူ့ကိုယ်သူ 'ကျွန်တော်'လို့ သုံးတတ်ခဲ့တဲ့ ဂျယ်မင်းက သူတို့တွဲဖြစ်ပြီး တစ်လအကြာမှာပဲ အသက်တစ်နှစ်တည်း ကွာတာကို အကြောင်းမရှိ အကြောင်းရှာလို့ရစ်တယ် ။
ရလဒ်ကတော့ သူ့ကိုယ်သူ 'ငါ'လို့ အစားထိုးသုံးလာတော့တာပါပဲ ။

" ကိုကို ဗိုက်ဆာတယ်လို့ဗျာ "

လေးလလောက်တွဲပြီးတဲ့နောက်မှာ နေစရာမရှိလို့ဆိုပြီး မနက်ခင်းတစ်ခုမှာ ပစ္စည်းတွေအများကြီးနဲ့ သူ့အိမ်ပေါ်ရောက်လာတာကိုလည်း မှတ်မိရပါတယ် ။
အဲ့တာကလည်း တကယ်ကို လိမ်ညာနေတာမှန်း ဂျယ်မင်းတစ်ပတ်တစ်ခါပြန်သွားကြည့်နေတတ်တဲ့ အိမ်(ဂျယ်မင်းအပြောအရ အဆောင်)က သက်သေ ။

သိတာတောင် မသိချင်ယောင်ဆောင်ထားပေမဲ့ နောက်ဆက်တွဲကတော့ အတူတူရှိလာသလောက် အချိန်မတော်လည်း ထထရစ်တတ်တော့တာပဲ ။
ဂျစ်တစ်တစ်ကလေးဟာ အချိန်တွေကြာလေ ပိုဆိုးတတ်လာမှန်း သိသာလာလည်း ကိုကိုကတော့ဖြင့် သိပ်ကိုချစ်လို့ နေရတယ် ။

အဲ့တာတွေထက် ဒီနှစ်တွေအတွင်းမှာ ဂျဲနိုပိုပြီးသိလာရတာက အဖြေပေးတုန်းက ပြောခဲ့တဲ့ ဂျယ်မင်းရဲ့စကားဟာ စနောက်ပြောဆိုတဲ့ စကားတစ်ခွန်းမဟုတ်ခဲ့ဘူးဆိုတာကိုပါ ။
အားမနာတတ်တဲ့ အမျိုးအစားကလေး မဟုတ်ပေမဲ့ တချို့သောအခိုက်အတန့်တွေမှာ ဂျယ်မင်းဟာ သူ့ကိုယ်သူ ဦးစားပေးတတ်လိုက်ပုံများ ဂျဲနိုမှာတအံ့တဩဖြစ်ရတဲ့အထိ ၊
သေချာပေါက် လူတစ်ယောက်ဟာ သူ့ကိုယ်သူ အမြတ်နိုးဆုံးဖြစ်သင့်တယ်ဆိုတဲ့ အဲ့ဒီလိုစကားကိုလည်း လက်ကိုင်ထားလေ့ ရှိသေးရဲ့ ။

ချစ်သော || NoMinWhere stories live. Discover now