အခန်း သုံး

474 73 11
                                    

ကြယ်တာရာနဲ့ ချောကလက်လမ်းတွေ
သွားလေသူအတွက် ခင်းလို့ထားလေသည် ။
မှုန်မှုန်ရီရီ မြူ၀န်းရစ်သီ ‌
ဆောင်းအိုကြွေလု နှင်းစက်ကင်းလေပြီ ။

-

၁၉၉၂ ခုနှစ် ၊ ဒီဇင်ဘာလ နှောင်းပိုင်းတစ်ရက် ။

" ဂျဲနို ငါအရင်ပြန်နှင့်မယ် "

" နောက်ခန်းက ဗီရိုထဲ လက်အိတ်အပိုတစ်စုံရှိတယ် ၀တ်သွား ။ မဟုတ်ရင် လက်တွေတအားအေးမယ် "

ပြန်ဖို့တာဆူနေပါတဲ့ ဒုံးဟျော့ခ်က မနက်ပိုင်းဆိုင်ကိုရောက်လာချိန်မှာ လက်အိတ်မပါလို့ လက်တွေအေးနေခဲ့တာကို သတိရ‌တော့ ဂျဲနိုက အမြဲအပိုဆောင်ထားသည့် လက်အိတ်တစ်စုံရှိနေပြီး အဲ့တာကို ၀တ်သွားဖို့ ဒုံးဟျော့ခ်ကို ပြောရသေးသည် ။

ဖြစ်ရင် ဖြစ်သလို ဒုံးဟျော့ခ်က သူတို့အသက်ဆယ့်သုံးနှစ် သူငယ်ချင်းဖြစ်စက အတိုင်းပင် ဖြစ်ကတတ်ဆန်းနေတတ်လွန်းလှသည် ။

မနက်ကလည်း အဝေးကြီးက‌ လာရသည်ကို နှင်းတွေကျနေသည့်ကြားက အိတ်ကပ်မပါသည့်အင်္ကျီ၀တ်လာပြီး လက်အိတ်သည်လည်းပါမလာတော့ အေးလှပါပြီ ချမ်းလှပါပြီနှင့် ။

" သေချာ လက်အိတ်စွပ်သွားတယ်နော် သူဌေး ။
ကောင်းကောင်းနေရစ်ခဲ့ "

စနောက်သလို ပြောသွားသည့် ဒုံးဟျော့ခ်ကို လက်သီးတစ်ဖက်ထောင်ပြကာ ရယ်ရင်း ဂျဲနိုက နှုတ်ဆက်လိုက်၏ ။

အချိန်က ညခုနစ်နာရီနှစ်ဆယ် ။
နောက်ဆယ်မိနစ်ဆို ဂျဲနိုက ဆိုင်ပိတ်ပစ်တော့မည် ။

မနက် ဆိုင်ကိုထွက်မလာခင်က ကြည့်ခဲ့ရသလောက် အိမ်မှာညစာစားစရာ မရှိ ။
အပြင်မှာ တစ်ခုခုစားပြီးမှ ပြန်တာကပဲ ဒီညအတွက် ၀မ်းရေးရှင်းပြီးသား ဖြစ်နိုင်သည် ။
ပြီးတော့ မနက်ဖြန်အတွက် မနက်စာလည်း ၀ယ်ချင်စိတ်ရှိပါက ၀ယ်ရင်း ..။

ဘယ်သူမှ မရှိသည့်ဆိုင်ထဲကနေ အပြင်ကို ဘာရယ်မဟုတ် တစ်ချက်လှည့်ငေးမိတော့ ဆိုင်ရှေ့ခပ်လှမ်းလှမ်းက အဝါရောင်မီးတိုင်မှိန်မှိန်အောက် လူရိပ်တစ်ခုကို တွေ့၏ ။
ပုံမှန်တော့ အဲ့ဒီအောက်ဆို နေ့ခင်းပိုင်းပဲလူတွေကို တွေ့တတ်သော်ငြား အခုတော့ လူရိပ်တစ်ခုကို မြင်ရသည် ။

ချစ်သော || NoMinWhere stories live. Discover now