23(မောင်)

Start from the beginning
                                    

"Sooသိပါတယ် Jenသူ့ကိုအရမ်းချစ်မှန်း"

"အဆိုးဆုံးကဘာလဲသိလားSoo သူကJenကိုဘယ်တုန်းကမှမချစ်ခဲ့ဘူးတဲ့ အရာအားလုံးအဆင်ပြေအောင်သာ ဟန်ဆောင်ခဲ့ရတာတဲ့"

"မဖြစ်နိုင်တာ Lisaလည်းJenကိုချစ်ပါတယ်"

"Jenလည်းအဲ့လိုထင်ခဲ့တာပဲ ဒါပေမယ့်မဟုတ်ခဲ့ဘူးထင်တယ်Soo"

ပြောရင်းနဲ့ သူမက Jisooပခုံးကိုမှီလိုက်ပြီး

မျက်ရည်တွေပဲစီးကျရင်း အသံတိတ်ငိုနေတယ်

"ဒီကိစ္စမှာ တစ်ခုခုမရိုးသားတာတော့ အသေအချာပဲ"

"ဟုတ်တယ်Soo ဘာလို့အဲ့လူကJenနာမည်ကိုအလွဲသုံးစားလုပ်ရတာလဲ"

"တစ်ယောက်ယောက်ချောက်ချတာပဲ"

"အဲ့လူကဘယ်သူများလဲSoo"

"အနီးအနားမှာJenကိုကြည့်မရတဲ့သူတွေဘာတွေများရှိလား"

"ဟင့်အင်း စီးပွားရေးသမားမို့ ပြိုင်ဖက်တော့
ရှိပေမယ့် ဒီလောက်ထိတော့လုပ်လိမ့်မယ်မထင်ပါဘူး"

"ဒါနဲ့အဲ့အချိန်ကြီးLisaကဘာလို့အဲ့ကိုရောက်နေတာလဲရော Jenသိလား"

"မောင်က အဲ့တုန်းက"

Jisooစကားကြောင့် သူမထိုနေ့ညက

အဖြစ်တွေကိုပြန်မြင်ယောင်လာသည်

ဟုတ်သားပဲ အဲ့နေ့ကSomiဆိုတဲ့ကောင်မလေး
မောင့်ဆီလှမ်းဖုန်းဆက်ပြီးခေါ်ခဲ့တာ

"Jenသိပြီထင်တယ်Soo"

သူမမတ်တပ်ထရပ်ပြီး အိမ်ထဲကိုခြေလှမ်းကျဲတွေနဲ့ဝင်သွားပြန်သည်.....

အခန်းထဲရောက်ရောက်ခြင်း ဖုန်းနံပါတ်တစ်ခုကို
ကောက်နှိပ်ရင်း

"ဟယ်လို အတွင်းရေးမှူးဆုန်း Jenကိုလူတစ်ယောက်အကြောင်းစုံစမ်းပေး"

"ဘယ်သူလဲCeo"

"Jenသူ့ပုံပို့ပေးလိုက်မယ်"

ဖုန်းကိုချလိုက်ပြီး Jeon Somiရဲ့ Ig accက
ပုံတစ်ပုံကို ပို့ပေးလိုက်တယ်

"နင် မောင့်ကိုသဘောကျနေတာတော့ငါသိပြီးသား"

"အခုကိစ္စကိုနင်လုပ်တာဆိုလို့ကတော့ ငါ့အဆိုးမဆိုနဲ့"

"မောင်"(JENLISA//LISOO)Where stories live. Discover now