Ch:1

4.9K 474 23
                                    

"ဂျောင်ဂုဟိုမှာမင်းဟာလေးလာနေတယ်"

ဘေးကသူငယ်ချင်းရဲ့ ခပ်တိုးတိုးပြောသံကိုကြားတော့ မျက်မှောင်ကြုပ်မိလျက်သား...စိတ်ထဲတွင်တော့ အနှီးကောင်လေးဘာတွေပြဿနာရှာဦးမလဲဆိုပြီးမျက်ခုံးခပ်လှုပ်လှုပ်ရယ် ။

အစီအစဥ်ကျနေတဲ့သူ့ဘ၀ထဲ ထိုကောင်လေးရုတ်တရက်၀င်ရောက်လာကတည်းက အစီအစဥ်တွေအကုန် ကပြောင်းကပြန်ဖြစ်ကုန်တော့တာပဲ ။

"ဂျောင်ဂု!!"

လူကိုမမြင်ရသေးဘူး အသံကအရင်ထွက်လာတယ်လို့ စိတ်ထဲခပ်ချဥ်ချဥ်တွေးလိုက်မိသေးတယ် ။ သို့သော်အတွေးတွေကမကြာလိုက်ဘူး မျက်စိရှေ့ရောက်လာတဲ့ မိုင်လိုဘူးလေး...

"ဂျောင်ဂုအတွက်"

"မလိုဘူး"

"သည်မိုင်လိုကိုလက်ခံမလား ကျွန်တော့်နှလုံးသားကိုလက်ခံမလား"

"အားနာပေမယ့် မိုင်လိုကိုပဲလက်ခံလိုက်ပါ့မယ်"

"အာ ဒါဆိုဂျောင်ဂုကကျွန်တော့်နှလုံးသားတစ်ခြမ်းဖြစ်သွားပြီ"

"အဓိပ္ပါယ်မရှိတာတွေမပြောဘဲ မင်းဟာမင်းပြန်ယူသွားတော့"

"ဒါဆိုဂျောင်ဂုနှလုံးသားတစ်ခြမ်းကို ကျွန်တော့်ဆီပေးလိုက်တာပေါ့ ။ ချစ်တယ်နော်ဂျောင်ဂု!!"

ပြောချင်ရာပြောပြီး လက်ထဲကမိုင်လိုဘူးကိုဆွဲယူကာ ပြန်ပြေးသွားတဲ့သူကြောင့် အခန်း၀မှာကြောင်'အ'စွာ စက္ကန့်၀က်လောက်ရပ်နေမိတယ် ။ ပတ်ဂျီမင်းဆိုတာအဲ့လိုလူပဲလေ သူပြောချင်တာကုန်ရင် ပြေးထွက်သွားမယ် ပြီးရင်နေ့တိုင်းချောင်းပေါက်မတတ်သူ့ဆီလာမယ် ။ အင်း...အစီအစဥ်တကျဖြစ်နေတဲ့သူ့ဘ၀ထဲ ကြားဖြတ်၀င်လာတဲ့အစီအစဥ် မမည်တဲ့အစီအစဥ်လေးပေါ့ ။

လက်ထဲကိုငုံ့ကြည့်လိုက်တော့ ဆုတ်ကိုင်မိလျက်သားစာရွက်ပိုင်းလေးတစ်ခု...

*ဒီနေ့လည်းပဲ ဂျောင်ဂုကိုသဘောကျတယ်
D-147*

မသိလိုက်ပါပဲ နှုတ်ခမ်းအစုံဟာကော့တက်သွားရ၏ ။ ထို့နောက်စာရွက်အပိုင်းလေးကိုအင်္ကျီအိတ်ကပ်ထဲခေါက်ထည့်ထားလိုက်တော့သည် ။
______________

Take this milo, now you're half of my heart //Kookmin//✔️Onde as histórias ganham vida. Descobre agora