12. အဒေါ်ဖန်၏အကြောင်းကို ဖော်ထုတ်ခြင်း

Start from the beginning
                                    

"တုန်းအာ က ဖေဖေ့ကို အရမ်းလွမ်းတယ်။ ဖေဖေက သမီးဆီ ဘာလို့စာပြန်မပို့တာလဲ ၊ သမီးက အဖေ့ဆီကို စာတွေ အများကြီး ရေးပြီးပို့ခဲ့တာ ၊ ဒါပေမယ့် အဖေက တုန်းအာကို လျစ်လျှူရှုထားတယ်" 

မိုဟွာဝမ် ငိုရှိုက်ရင်း လေသံပျော့ပျော့ကို ကြားလိုက်ရသောအခါ မိုဟွာဝမ်၏ နှလုံးသားသည် ပို၍ပင် နာကျင်လာသည်။  ထို့နောက် မို့ရွှီတုန်းပြောတာကို ရုတ်တရက် သဘောပေါက်လိုက်သည် ။  သူ့မျက်နှာက မည်းမှောင်သွားပြီး ရုတ်တရက် ဒေါသ ထွက်သွားတယ်။

တုန်းအာ က သူ့ကို စာတွေ အများကြီးရေးပို့ခဲ့တာလား ။ တုန်းအာက သူပို့တဲ့စာတွေကို မရရှိခဲ့ဘူးလား။  သူ သူမကို လတိုင်း စာတစ်စောင် ပို့တယ်လေ ။

"တတိယ သခင်မလေး ၊ နင်ပြန်လာတာနဲ့ ဘာလို့ ငိုနေတာလဲ ၊ ဘာလို့ သခင်ကြီးကို ဝမ်းနည်းအောင်တောင် လုပ်နေရတာလဲ ၊ မသိတဲ့သူတွေဆို  တတိယသခင်မလေးကို အနိုင်ကျင့်နေတယ်လို့ ထင်လိမ့်မယ်၊ အိမ်ကိုပြန်လာပြီး မင်းအဖေကို တိုင်တည်နေတယ်!" 

အဒေါ်ဖန်၏ နူးညံ့သိမ်မွေ့သော အသံသည် ထိုအချိန်တွင်ပင် အဖေနှင့်သမီးကြား ငြိမ်းချမ်းသော လေထုကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်သည်။

အဒေါ်ဖန်၏မျက်နှာပေါ်တွင် ချိုမြိန်သောအပြုံးကိုမြင်သောအခါတွင် မို့ရွှီတုန်းသည် သူမခံစားခဲ့ရသောမုန်းတီးမှုကို ဖျောက်ဖျက်ရန် အလွန်ပင်ကြိုးစားခဲ့ရသည်။  သူမ၏ နှုတ်ခမ်းပေါ်မှ အေးစက်သော အပြုံးကို တွန်းလှန်ရင်း မို့ရွှီတုန်း သည် မိုဟွာဝမ်၏ ပွေ့ဖက်မှုမှ နောက်ပြန်ဆုတ်သွားသည်။ 

"အဖေ၊ တုန်းအာ မှားသွားပြီ။ သမီးမထိန်းနိုင်ပဲ့ ငိုမိသွားတဲ့ပုံစံကို အဖေ့မြင်ပြီး အဖေ့ကို ဝမ်းနည်းသွားစေမိပြီ ။ တုန်းအာက တကယ့်ကို မကောင်းတဲ့ သူပါ "

ထို့နောက် သူမသည် အားတင်းကာ ဒူးထောက်ထိုင်ချလိုက်ပြီး သူမ၏ မျက်ရည်များကို တိတ်တဆိတ် သုတ်နေသည်မှာ ထင်ရှားသည်။  သို့သော် ဤအရာက သူမ မျက်ရည်များကို ပို၍ပင် စီးကျစေခဲ့သည်။

သူမက ဘေးနားမှာ ရပ်နေတဲ့ အဒေါ်ဖန်ကို တစ်ချက် ခိုးကြည့်ပြီး ခေါင်းကို ကမန်းကတန်း ငုံ့လိုက်တယ်။ သူမသည် ထိတ်လန့်လွန်းလို့ တခြားဘာမှ မပြောရဲတော့သည် ပုံစံပင် ။ သူမက ငိုရှိုက်သံများကို နှိမ့်ချရန်ကြိုးစားရင်း ငြီးငွေ့ဖွယ်အသံများကိုသာ ကြားနေရသည်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now