အပိုင်း(၂၇)

Start from the beginning
                                    

"ဒါပေမဲ့ နာတာလီ နင်ဘာလို့သေချာပေါက်ပြောနိုင်ရတာလဲ အကယ်၍ သူတော်စင်က တံခါးနားရောက်နေရင်ဘယ်လိုလုပ်မလဲ"
"ဒါကတော့မဖြစ်နိုင်ဘူး သူမသာရောက်လာမယ်ဆိုရင် သူမကိုလိုက်ပြခိုင်းတဲ့အစေခံက ငါကိုအရင်ဆုံးအကြောင်းကြားလိမ့်မယ် ကောင်းပါတယ် အဲ့လိုဆိုရင်တောင်‌အရေးမကြီးပါဘူး နောက်ဆုံးတော့လဲ သူမက သဘောကောင်းပြီး အချစ်ခံရတဲ့ သူတော်စင်ပဲလေ"
ဒါက ပွင့်လင်းစွာ ထေ့ငေါ့ခြင်း လှောင်ပြောင်ခြင်းနှင့် သစ္စာဖောက်ခြင်းပင်

အထက်တန်းလွှာတွေက သူမအကြောင်း နည်းအမျိုးမျိုးနဲ့ မကောင်းတဲ့အရာတွေပြောတာကြားရသည်မှာ အက်စတယ်လာအတွက် ပထမဆုံးအကြိမ်မဟုတ်ပေ
အချိန်တိုင်း အက်စတယ်လာ သူမကိုယ်သူမနှစ်သိမ့်လေ့ရှိသည်
မွေးဖွားလာတဲ့အချိန်ကထဲက တခြားသူတွေကို အုပ်ချုပ်သူတွေက သူမကို သာမန်လူတန်းစားအနေနဲ့ လုပ်ပေးခဲ့တာပဲ ဒါကြောင့် ကိစ္စကြီးကြီးမားမားတော့မဟုတ်ပေ
သူမမွေးကထဲက အထက်မှာရှိ‌တဲ့လူတွေက သူမကို သာမန်လူတန်းစားတယောက်လို အမြဲဆက်ဆံလေ့ရှိသည် ဒါကြောင့် ထိုအရာက ဘာမှမဟုတ်ပေ

ဒါပေမဲ...

'ငါအမြဲလုပ်နေကြလို စိတ်ကိုငြိမ်အောင်မလုပ်နိုင်ရတာလဲ'

သူမရင်ထဲ၌ မီးတစ်ခုတောက်လောင်နေသလိုခံစားနေရပြီး မသက်မသာဖြစ်တဲ့ခံစားချက်တွေက တဖြည်းဖြည်းကြီးထွားလာသည် ထိုခံစားချက်တွေက ပူလောင်နေတဲ့ကြိုးတွေလို ရှုပ်ထွေးလာသလိုပင်
ထိုအခါမှသာ ထိုခံစားချက်ရဲ့အစစ်အမှန်သဘာ၀ကိုနားလည်လိုက်သည်
ထိုခံစားချက်က သူမမှာရှိမယ်မှန်းမသိခဲ့သောအရာဖြစ်သည်

ထိုအရာမှာ ဒေါသပင်

နောက်ဆုံးမှာတော့ သူမကလဲ လူသားတယောက်ဖြစ်နေသေးသည်
သူမထိုသို့ ခံစားရဖို့ နည်းလမ်းမရှိပေ
ယခုအချိန်ထိ အရာအားလုံးကို မေ့ပစ်ဖို့ တိတ်တဆိတ်နေလိုက်ပြီးသည်းခံတတ်ဖို့ သူမ အမြဲလိုလိုကြိုးစားနေခဲ့သည်

ကလစ်* (တံခါးဖွင့်တဲ့အသံထင်တယ်)

အက်စတယ်လာ အားအကုန်နှင့် တံခါးကိုဖွင့်လိုက်ပြီး အခန်းထဲ၀င်လိုက်သည်
သူမ၀င်လာတဲ့အချိန်၌ အ‌စောကရယ်နေတဲ့ ငယ်ရွယ်တဲ့လေဒီတွေရဲ့ မျက်နှာမှာ ဖြူဖျော့သွားခဲ့ရသည်
အက်စတယ်လာ တည်ငြိမ်တဲ့မျက်လုံးတွေနဲ့ သူတို့ကို ဖြတ်သွားပြီး နာတာလီဆီလျှောက်သွားခဲ့သည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now