အပိုင်း၉။ မိတ်ဆွေဟောင်း

Start from the beginning
                                    

" အမယ်လေး နောက်ဆုံးတော့ပြီးသွားပြီ ပင်ပန်းလိုက်တာအေ "

အနွယ်ပြောလိုက်သည့်စကားကို ကျန်သည့်နှစ်ယောက်ကမယ် ထောက်ခံသလိုခေါင်းလေးငြိမ့်ပြလာသည်။

" အနွယ်နဲ့ မမိတိုး နေဝင်ချိန်သွားကြည့် ကြမလား"

" ဟင် မှီပါ့အုံးမလား အခုတောင်ညနေစောင်းတော့မယ် မဟုတ်လား"

" မှီပါတယ် လာ ကျုပ်နောက်လိုက်ခဲ့ကြ "

အနွယ်နဲ့မိတိုးလည်း အိမ်ကြီးကိုတစ်ဖန်သော့ခတ်ပြီးသရောနောက်သို့လိုက်ပြီး နေဝင်ချိန်သွားကြည့်ကြတော့သည်။

နေဝင်ချိန်ကြည့်သည့်နေရာရောက်တော့ လက်မတင်လေးပေ၊ အခုထပ်နည်းနည်းသာနောက်ကျသွားရင်ဖြင့် နေလုံးကြီးက ပျောက်ကွယ်သွားပြီး လမင်းအလှကိုသာမြင်ရတော့မည်ဖြစ်သည်။

ပုစွန်ဆီရောင်သမ်းနေသည့်ကောင်းကင်ကြီး၏ အလှကမူ ဘယ်အရာနှင့်မှနှိုင်းယှဉ်လို့မရအောင် ပန်းချီကားတစ်ချပ်နှယ်လှပလွန်းသည်။ အနွယ်တို့ ရောင်နီဆည်းဆာ ကြည့်ရှုနေသည့်နေရာကမူ တောင်ကုန်းပေါ်မှာဖြစ်ပြီး ရှေ့တွင်မူ စပါးစိုက်ခင်းများသာ ရှိနေသည်။ အရှေ့မှာ ဘာအကာအရံအတားအဆီး မရှ်ိသည်ကြောင့် ရောင်နီဆည်းဆာရဲ့အလှအပကို နှောက်ယှက်ခြင်းမရှိပေ။

သုံးယောက်သား နေဝင်ချိန်ကို တိတ်တဆိတိရှူစားနေရင်း မိတိုးက အရွှန်းထဖောက်လေသည်။

" ငါရွာမှာမွေးကတည်းက နေလာတာ အခုမှနေဝင်ချိန်ကို ကြည့်လို့ရမဲ့နေရာရှိတယ်ဆိုတာ သိတော့တယ်အေ "

ထိုကဲ့သို့ မိတိုးပြောလိုက်တော့ သရောကမူ

" ဒီနေရာ အဖေ က ငယ်ငယ်တုန်းက လိုက်ပြထားတဲ့လှို့ဝှက်နေရာလေးမို့လို့ လူသိပ်မသိတာပါ "ဆိုပြီးပြန်ပြောလာသည်။

ထိုနေရာလေးမှာအတော်ကြာသည်အထိနေပြီး ဖြုတ်ကောင်တွေပလူ‌ကောင်တွေ များသတည့်များလာသည်ခါမှ သန့်ရှင်းရေးလုပ်ထားသည့် အမှတ်တရများစွာနှင့်ပြည့်နေသည့်သို့အိမ်ကြီးသို့တစ်ဖန်ပြန်လာခဲ့တော့သည်။

" မိနွယ်ရေ ဒီမယ် ကတ်ဆတ်တွေ့ထားတယ်"

အနွယ်အပေါ်ထပ်ဘုရားကျောင်းဆောင်ကိုသောက်တော်ရေချမ်းကပ်နေရင်းအောက်ထပ်က မိတိုးရဲ့အသံကြောင့် ဘုရားကို ဦးသုံးကြိမ်ချပြီး အောက်ထပ်ကိုပြေးဆင်းလာခဲ့သည်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now