အခန်း [ ၃ ]

Start from the beginning
                                    

လုပ်ကြံသူသည် မည်သည့်ဓားသိုင်းအကကိုမျှ မသိရှိပါချေ။သူဟာ လုပ်ကြံသူတစ်ယောက်သာဖြစ်ပြီး သူသင်ယူရသည့်အရာများသည် လူများကိုသတ်ဖို့အတွက် နည်းပညာများသာဖြစ်၏။ရိုးရှင်းစွာ၊ သပ်ရပ်စွာနှင့် တစ်ခါထဲအသတ်ကိုနှုတ်ယူနိုင်သည့် သေစေ‌နိုင်လောက်သည့်အရာများပင်။

သို့သော်ငြား သူဟာ ကြည့်ကောင်းသည့်ရုပ်ရည်ဖြင့်မွေးဖွားလာခဲ့သဖြင့် ပြင်းထန်သောလှုပ်ရှားမှုများသည်ပင် မတူညီသည့်ပုံစံတစ်မျိုးကို ဖြစ်ပေါ်လာစေသည်။ခြံဝင်းအတွင်းရှိ ဓားသမားဝတ်စုံကိုဝတ်ဆင်ထားသည့် ဆံနွယ်အနက်ရောင်နှင့်လူငယ်လေးတစ်ဦးသည် ကြွေကျနေသော သစ်ရွက်များအကြားတွင် အေးစက်နေသော ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်လျက် သူ့ဓားသွား သွားရာနောက်သို့ လိုက်လံ၍ကခုန်နေ၏။ထိုအချင်းအရာသည် ကြည့်လိုက်ရုံနှင့်တင် မျက်စိပဒသဖြစ်စေမည့် လှပသည့်မြင်ကွင်းတစ်ခုပါပင်။

ကံမကောင်းသည့် အလုပ်ရှင်ဟာ ကျေနပ်သွားခဲ့လေသည်။

လုပ်ကြံသူသည် လှုပ်ရှားမှုနှစ်ကွက်အား ဖျော်ဖြေတင်ဆက်ပြီးသည့်နောက် ဓားကိုပြန်ချထားလိုက်သည်။

"ကျွန်တော်ရဲ့ ကိုယ်ခံပညာတွေကို အပြင်လူတွေကို ပြဖို့မရည်ရွယ်ထားဖူးဘူး၊ ဒါပေမဲ့အခု ခင်ဗျားကိုပြလိုက်ပြီဆိုတော့ ဆုတွေဘာတွေများမရှိဘူးလား"

"ဟင့်အင်း"

ကျောက်ဟွိုင်က အေးစက်စွာ ငြင်းပယ်လိုက်သည်။သူသည် သက်တောင့်သက်သာဖြင့် ပန်းသီးတစ်လုံးအား ကောက်ယူလိုက်ပြီးနောက် ကမ်းပေးလာရင်း၊

"ဒီမှာ မင်းအတွက်ဆု"

"ကပ်စေးနည်း"

လုပ်ကြံသူဟာ ရေရွတ်ရင်းဖြင့် ပန်းသီးကိုလှမ်းယူလိုက်ကာ တစ်တိတိဖြင့်စကိုက်ပါတော့သည်။

"မင်းရဲ့လက်မောင်းတွေ ခြေထောက်တွေကို နည်းနည်းလှုပ်လိုက်ရုံနဲ့ ငွေတစ်ဆယ်ပစ်ပေးလိုက်တာကို မင်းက ကိုယ့်ကိုကပ်စေးနည်းလို့ခေါ်ရဲသေးတယ်ပေါ့?"

ကျောက်ဟွိုင်သည် နောက်ထပ်ပန်းသီးတစ်လုံးအား ပစ်ပေးလိုက်ရင်း သိလိုစိတ်ဖြင့်မေးလိုက်မိသည်။

The Unemployed Assasin [ဘာသာပြန်] /Completed/Where stories live. Discover now