အပိုင်း ၂၂ (အပိုင္း ၂၂)

Start from the beginning
                                    

"ဟွန့်...."

မူယာမူယာများနေသည့် ဟိုဘီကိုသူငယ်ချင်းတွေအမြင်ကပ်လာကြ၏။

"ငဘီ သောက်ပိုတွေလုပ်နေတာကိုကြီး
ကိုကြီးကိုတွေ့ချင်တာမှတစ်ပိုင်းတင်မကဘူးအကုန်သေနေတာ"

"ဟျောင့် မင်း!"

"ဘာလဲ မဟုတ်လို့လား"

"ဟုတ်လားကလေး သူတို့ပြောတာ"

"ဟာ...ရှက်စရာကြီး"

သူ့ဟာသူရှက်ကာ ကားပေါ်သို့ပြေးတက်သွား၏။
သူ့သူငယ်ချင်းတွေကို နောက်မှမုန့်လိုက်ကျွေးအုံးမယ့်အကြောင်းပြောရင်းနှုတ်ဆက်ခဲ့သည်။

"ဟင်...ကိုကို"

သူ့ခန္ဓာကိုယ်နဲ့ဆိုဒ်တူ kaws ရုပ်ကြီးကားနောက်ခန်းမှာပါလာ၏။

"ကလေးအတွက် ဒီနေ့ကိုယ်တို့ ချစ်သူသက်တမ်း ၇ လပြည့်လေ"

"ဟင် ကိုကို...."

"ကိုကိုအလုပ်တွေများနေလို့မလာဖြစ်တာ
ဒါပေမယ့် ဒီနေ့လေးကိုတွေမမေ့ပါဘူးဗျာ"

"ဟင့်....ဟင့်....အီးဟီး"

"ဟောဗျာ မငိုရဘူးလေ
ကိုကိုဘာလုပ်မိလို့တုန်း"

"ကိုကိုကဘီဘီ့ကိုမမေ့ဘူး
ကိုကိုအလုပ်ရှုပ်နေတာကို ဘီဘီကအပစ်လိုက်တင်မိတာ ဘီဘီတောင်းပန်ပါတယ်ကိုကိုနော်"

"မဟုတ်တာကွာ...ကိုယ့်ကလေးလေးကအကောင်းဆုံးချစ်သူလေးပါ
အခုကိုယ်သွားမယ့်နေရာလေးကိုလိုက်ခဲ့လေနော်"

"ဟုတ်...."

ယွန်းဂီမှာ မင်ဟိုဘီကိုတစ်ခါတည်းအပိုင်သိမ်းမည့်အကြံရှိကြောင်း ရှဥ့်ပေါက်လေးမသိခဲ့ပါ...

"ကိုကို ဒီတိုက်ခန်းက!"

"ကလေးအတွက်ဝယ်ထားပေးတာ
ကလေးပျင်းရင်ဒီကိုလာလို့ရတယ် သူငယ်ချင်းတွေလည်းခေါ်လာပေါ့
ကိုယ်လည်းဒီကိုလာတိုင်းလည်းတည်းမယ်လေ"

"ဟင် ကိုကိုတစ်ကယ်ကြီးလား"

"တစ်ကယ်ပါဗျာ ကိုကိုအလုပ်ကြိုးစားနေတယ်ဆိုတာ ဒီကလေးလေးအတွက်ပဲကို"

"ရားးးး....ကိုကိုကအကောင်းဆုံးပဲ"

အခန်းတစ်ခန်းလုံးအစိမ်းနုရောင်ကိုသုံးထားသည်မှာ မျက်စိအေးလှသည်။
ဗီဒိုထဲမှာလည်း ဟိုဘီအကြိုက်အရုပ်ပေါင်းများစွာ....

သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)Where stories live. Discover now