အပိုင်း ၁၁ (အပိုင္း ၁၁)

500 78 65
                                    

Unicode

ကိုယ်လုံးပေါ်မှန်ကြီး ရှေ့က ပိန်ပိန်သွယ်သွယ်ကောင်လေးက သိပ်ကိုပြည့်စုံ၏။

ယောက်ျားသားများလို ခန္ဓာကိုယ်မျိုးမဟုတ်သော်လည်း
အမျိုးသမီးများထက်ပင်နူးညံ့လှ၏။

ရှင်းရှင်းကိုယ်တိုင် ပျိုးထောင်ပေးခဲ့တာလေ
ပန်းလေးတစ်ပွင့်လို ယုယဥထားခဲ့တာ

လက်သွယ်သွယ်ကလေးတွေရယ်
ပါးမို့မို့လေးတွေရယ်
နှုတ်ခမ်းအလှဆီတွေဆိုးစရာမလိုဘဲ
နဂိုရဲနေတဲ့ နှုတ်ခမ်းလေးက ဆွဲဆောင်မှုရှိ၏။

အင်္ကျီအဖြူအပါးလေးကိုဝတ်ထားသဖြင့်
အလင်းရောင်ထဲတွင် အတွင်းသားကိုကောင်းကောင်းမြင်နိုင်၏။

"သခင်လေး...သခင်ကြီးပြန်လာပါပြီ"

အစေခံတစ်ယောက်၏ အသိပေးစကားကြောင့်
မှန်ထဲက ကိုယ့်ကိုယ်ကိုယ် မဲ့ပြုံးတစ်ချက်ပြုံးကာဖြင့်....
ထွက်လာ၏။

ဟိုဆော့ မျက်လုံးတွေဟာ အရင်လိုကြောက်ရွံ့တုန်လှုပ်ခြင်း အလျင်းမရှိ

ယုံကြည်မှုအပြည့်ဖြင့်ရဲရင့်နေသော မျက်ဝန်းလှလှများ...

ကားပေါ်က ဆင်းလာတဲ့ယွန်းဂီကို ဟိုဆော့ပြေးကာဖက်လိုက်၏။

ယွန်းဂီ၏ ခါးများကိုတွယ်ဖက်ထားပြီး ရင်ခွင်ထဲသို့တိုးဝင်ကာ

"လွမ်းနေတာ..."

ယွန်းဂီမှာ ကြောင်အ နေ၏။
ဟိုဆော့က မတွေ့ရတဲ့ရက်တွေမှာ သူ့ကိုချစ်သွားတာလား
ဒါမှမဟုတ် အိပ်မက်လေလား

ကြောင်တောင်တောင်ဖြင့်ရပ်နေသော
ယွန်းဂီကို နမ်ဂျွန်းကြည့်မရသဖြင့်
ကျောကို နောက်ကနေခပ်စပ်စပ်ကလေးပုတ်လိုက်ခါမှ သတိဝင်လာ၏။

ဒါဆို အိပ်မက်မဟုတ်ဘူးပဲ!

"ကိုယ်က ပိုတောင်လွမ်းသေးတယ်"

ရင်ခွင်ထဲက ဟိုဆော့၏ ခေါင်းကိုအသာပုတ်ကာ ပြန်ပြောတော့...
ခေါင်းလေးပိုတိုးဝင်လာ၏။

နမ်ဂျွန်း  ဒီတစ်ခါ ယွန်းဂီကိုပဲကြည့်မရသည်မဟုတ်အလွမ်းသယ်နေကြတဲ့နှစ်ယောက်လုံးကို သူကြည့်မရတော့သဖြင့် နေရာကအမြန်ထွက်လာလိုက်သည်။

သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)Tempat cerita menjadi hidup. Temukan sekarang