အပိုင်း ၂၂ (အပိုင္း ၂၂)

Start from the beginning
                                    

"ဟင့်...ဟင့်....ကိုကိုဘီဘီ့စီကိုလိုက်လာမှာသေချာတယ်နော်"

ကားပေါ်တက်ခါနီး ယွန်းဂီခါးကိုတင်းတင်းဖက်ထားတာ ရင်ခွင်ထဲဝင်ပြီးငိုနေ၏။

"သေချာပါတယ်ဗျာ...ကိုကိုကလိုက်လာမှာပေါ့ ဖုန်းလဲအမြဲဆက်မှာမို့ စိတ်ချလက်ချလိုက်သွားပါနော်"

"ဟင့်...ပြီးရောအဲ့တာဆို
ကတိနော်ကိုကို"

"ကတိဗျာ"

ကလေးရဲ့နှဖူးလေးကိုတစ်ချက်နမ်းကာ
သွားခွင့်ပြုလိုက်တော့သည်။

ရင်ခွင်ထဲမှာ ဟာတာတာဖြစ်သွားပေမယ့်
တစ်သက်စာနီးရဖို့ ခနတာခွဲရတယ်လို့ပဲသတ်မှတ်ပါ့မယ်ကလေးရယ်...

ဟိုဘီမှာတော့ ကျောင်းတက်တာနှစ်ဝက်ပင်ကျိုးနေပြီ ယွန်းဂီမလာသေးတာကြောင့်
စိတ်ကောက်နေ၏။
ဖုန်းအဆက်အသွယ်သာရှိခဲ့ပြီး လာတွေ့မယ်ဆိုတာတစ်ခါမှမတွေ့သေးတဲ့ကိုကိုရယ်ပါ...

"ဟျောင့် ဘီဘီ ငါတို့ညနေ ကျောင်းဆင်းရင်အပြင်မှာမုန့်လေးဘာလေးသွားစားကြမယ်လေ
မင်းလိုက်မယ်မလား "

"စိတ်ကမလိုက်ချင်ပေမယ့် ကိုယ်စောင့်နတ်က ဟော့ပေါ့ဆက်သခိုင်းနေလို့ လိုက်ခဲ့ပါ့မယ်လေ"

လွမ်းတာကသပ်သပ် စိတ်ကောက်တာကသပ်သပ်ပဲ အစားအသောက်ကတော့အပျက်မခံနိုင်ဘူး....

"သောက်ပို!!"

သူငယ်ချင်းတွေနဲ့ ပြောဆိုရယ်မောနေတုန်း
သူတို့အနားကိုကားတစ်စီးရောက်လာ၏။

ကားထဲကထွက်လာတဲ့သူက သူမျှော်နေတဲ့
ကိုကိုရယ်ပါ...

"ကိုကို့!"

စိတ်ထဲကမတအားဝမ်းသာသွားပေမယ့်
အနည်းငယ်တော့စိတ်ကောက်ချင်သေးတာကြောင့် ရုပ်တည်ကြီးပြန်နေလိုက်၏။

"ဘီဘီ"

"ဘာလဲ"

"ကိုယ်လာပြီလေ "

"လာပေါ့"

"ဟာ ကိုကအဝေးကြီးကလာရတာကို
အဲ့လိုကြိုဆိုရလား "

"အကြာကြီးပစ်ထားပြီးတော့ဟွန့်"

"ကိုမအားဖြစ်လို့ပါကွာ လာကိုယ်နဲ့လိုက်ခဲ့"

သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)Where stories live. Discover now