"အိုဟို ယူ့ရဲ့ အာဏာကြီးပုံကြီးကိုတော့ တို့ကြောက်သွားပြီ" ရုံးခန်းထဲကိုရောက်တာနဲ့ ဒေါ်ခတ္တာမေကိုလှမ်းစလိုက်သော ဒေါ်မဒီ...ဒေါ်မဒီဟာနိုင်ငံခြားမှာ အချိန်တော်‌တော်ကြာနေခဲ့တဲ့သူပီပီဝတ်စားဆင်ရင်ပုံ အပြင်အဆင်နဲ့ စကားပြောပုံကအစ ခေတ်ဆန်သည်။ခေတ်ဆန်တာတွေကို ဒေါ်ခတ္တာမေကသိပ်မကြိုက် ဒေါ်ခတ္တာမေဟာ မြန်မာဆန်ဆန်ပဲပြော မြန်မာဆန်ဆန်ပဲနေတတ်တဲ့သူတစ်ယောက်..ဒါပေမဲ့ သူငယ်ချင်းဖြစ်သူ ဒေါ်မဒီကိုတော့အမြင်မကြည်တာမျိုးမရှိ..အဲ့လောက်ထိတော့နားမလည်ပေးနိုင်တဲ့ထဲ ဒေါ်ခတ္တာမေမပါဘူးလေ။

"ကယ်ပါနောက်မနေနဲ့တော့ ဘာသောက်အုံးမလဲ မဒီ"

"တို့ကို ကော်ဖီပူပူလေးတစ်ခွက်ပဲပေးပါ"

"မြတ်ရေ ကော်ဖီပူပူလေးတစ်ခွက်ဖျော်ခဲ့နော်"

ဒေါ်ခတ္တာမေပြောတာကို မြတ်တစ်ယောက်ကြားဟန်မပေါ်..အကြောင်းအရင်းမှာ ဒေါ်မဒီကိုငေးနေခြင်းကြောင့်ဖြစ်သည်။ဆံပင်များမှာ ဒေါ်ခတ္တာမေလောက်မရှည်ပေမဲ့ ကျောလယ်လောက်ရှိသည့်ဆံပင်တွေကိုအဖျားလေးတွေကောက်ထားကာကော်ဖီရောင်လေးပါဆိုးထားသေးသည်။မိတ်ကပ်ကိုလည်းအရမ်းမပြင်ထားပဲပါးပါးလေးပဲလိမ်းထားကာ နှာတံစင်းစင်းလေးနဲ့...နှုတ်ခမ်းဖူးဖူးလေးကိုမှ ပန်းဆီရောင်နှုတ်ခမ်းနီလေးဆိုးထားပြီး ရယ်လိုက်ရင် ပေါ်လာသော စီတန်းပြီးဖြူဖြူ‌ဖွေးဖွေးသွားလေးတွေ...ပြုံးလိုက်ရင်လည်းကော့တက်သွားတဲ့နှုတ်ခမ်းထောင့်လေး..ဆွဲသားထဘီစကပ်နက်ပြာရောင်လေးကိုဝတ်ဆင်ထားပြီး အပေါ်ကအင်္ကျီအဖြူလက်ရှည်လေးကိုဝတ်ဆင်ထားသောထိုအမျိုးသမီးမှာ ၂၀ကျော်အမျိုးသမီးငယ်လေးတွေတောင်အရှုံးပေးရမဲ့အလှမျိုး..မိန်းကလေးချင်းလည်ပြန်ငေးရမဲ့အလှမျိုးမှာ မြတ်တစ်ယောက်မျက်တောင်ခတ်ဖို့အထိတောင်မေ့နေသည်။

"ဟေး...မြတ် ခေါ်နေတာကြားရဲ့လား" ဒေါ်ခတ္တာမေ မြတ်လက်မောင်းကိုလှုပ်ကိုင်လိုက်မှသတိပြန်‌ဝင်လာပြီး....

"ရှင်..ရှင် မမကြီး"

"ဘာတွေ စဉ်းစားနေလို့အဲ့လောက်တောင်ခေါ်မကြားအော်မကြားဖြစ်နေရတာလဲမြတ်"

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Where stories live. Discover now