ဘာအပြင်းလဲ အပျော်ခရီးထွက်လာတာကို အမူးသောက်ပြီး ဘာလုပ်မှာလဲ ပျော်ရရုံလောက် သောက်ရင် တော်ပြီပေါ့

ခတ္တာ အော်လိုက်တာကြောင့် ထက်မြက် ဘာမှစောဒက မတက်ရဲဘဲ ငြိမ်သွားပါတော့တယ်

တောထဲမှာ ဖြစ်တာကြောင့် ရန်ကုန်ညတွေလို ပူအိုက်မနေဘဲ အေးစိမ့်နေပါတယ် အတွဲကိုယ်စီ ကိုယ့်ချစ်သူလေးတွေကို ထွေးပွေ့ရင်း ဘီယာသောက်နေကြပါတယ်

ရန်ကုန်မှာလို လျှပ်စစ်မီးရောင်တွေနဲ့ မဟုတ်တော့ တမျိုးပဲနော် တစ်ယောက်တည်းဆိုရင်တော့ ကြောက်စရာကြီး

နင်တို့ မိန်းကလေး နှစ်ယောက်တည်း အိပ်ရမှာနော် သတိလည်း ထားဦး

ငါတို့ကိ လာခြောက်မနေနဲ့နော် ဆက်ပိုင်

ခြောက်ပါဘူး ယု့လိုအားကိုးရှာချင်ရင် စောစောစီးစီး နေရာလဲအိပ်ဖို့ ပြောတာ

အိပ်စရာလား နင်တို့ပဲ အိပ်

ငြင်းနေပုံထောက်ရင် နင်တို့ မမူးသေးဘူးပဲ

သေဦးမယ်....

အချင်းချင်း စနောက်ငြင်းခုန်ကြရင်း တဖြည်းဖြည်း ညည့်နက်လာပါတယ်

အိပ်ကြရအောင် မနက်လည်း ရေတံခွန်သွားဦးမယ်ဆိုတော့

အင်း ဂွတ်နိုက်

Campထဲ ရောက်တော့ သူက ယု့ကို ရင်ခွင်ထဲမှာ ထွေးပွေ့ပြီး အိပ်ပါတယ်

ချစ်သူရဲ့ ရင်ခွင်နွေးနွေးမှာ သူ့အသက်ရှုသံလေးကြားနေရတာကိုက ရင်ထဲမှာ နွေးထွေးစေပါတယ် ပင်ပန်းထားတာရာ ဘီယာအရှိန်ကြောင့်ပါ ခဏအကြာမှာ အိပ်ပျော် သွားပါတော့တယ်

မနက်ရောက်တော့ ချစ်သူက နဖူးလေးကို နမ်းရှိုက်ပြီး နှိုးပါတယ်

ယု ထတော့

မနက်စာ စားပြီး ရေတံခွန်သွားကြမယ်

အင်း...ကို နိုးတာ ကြာပြီလား

နည်းနည်း ကြာပြီ

အစောကြီး နိုးတယ်

အမြဲအကျင့်ဖြစ်နေပြီ ကိုက...

အချစ်ကမ္ဘာငယ်လေး Where stories live. Discover now