ငါတို့ကို လာခြောက်မနေနဲ့နော် ဆက်ပိုင်
ခြောက်ပါဘူး
ယု့လို အားကိုးရှာချင်ရင် စောစောစီးစီး နေရာလဲအိပ်ဖို့ ပြောတာ
အိပ်စရာလား
နင်တို့ပဲ အိပ်
ငြင်းနေပုံထောက်ရင်
နင်တို့ မမူးသေးဘူးပဲ
သေဦးမယ်......
အချင်းချင်း စနောက်ငြင်းခုန်ကြရင်း တဖြည်းဖြည်း ညည့်နက် လာပါတယ်
အိပ်ကြရအောင်
မနက်လည်း ရေတံခွန်သွားဦးမယ်ဆိုတော့
အင်း
Good Night
Campထဲ ရောက်တော့ သူက ယု့ကို ရင်ခွင်ထဲမှာ ထွေးပွေ့ပြီး အိပ်ပါတယ်
ချစ်သူရဲ့ ရင်ခွင်နွေးနွေးမှာ သူ့အသက်ရှုသံလေး ကြားနေရတာကိုက ရင်ထဲမှာ လှိုက်ဖိုနွေးထွေးစေပါတယ်
ပင်ပန်းထားတာရော ဘီယာအရှိန်ကြောင့်ရော ခဏအကြာမှာ အိပ်ပျော်သွားပါတော့တယ်
မနက်ရောက်တော့ ချစ်သူက နဖူးလေးကို နမ်းရှိုက်ပြီး နှိုးပါတယ်
ယု ထတော့
မနက်စာစားပြီး ရေတံခွန်သွားကြမယ်
အင်း....
ကို နိုးနေတာ ကြာပြီလား
နည်းနည်း ကြာပြီ
အစောကြီး နိုးတယ်
အမြဲအကျင့်ဖြစ်နေပြီ ကိုက
ယုကတော့ နည်းနည်း အိပ်ပုတ်တယ်☺
ယုလည်း လူးလှိမ့်ထပြီး မျက်နှာသစ် သွားတိုက်ပါတယ်
ညအိပ်ထားတဲ့ အဝတ်အစားတွေကို လဲဝတ်ပြီး သူ့ကို ကြည့်လိုက်တော့
ကို ဘာတွေ လုပ်နေတာလဲ
ရေတံခွန်သွားဖို့ အဝတ်အစားတွေ ထည့်နေတာလေ
သြော် အင်း....
သူက အရာရာတိုင်း ကြိုတင်ပြင်ဆင်တတ်ပြီး ဂရုစိုက်တတ်ပါတယ်
ယုရယ် ထလာသေးတယ်နော်
စောင့်နေရတာ ကြာလိုက်တာ
ငါက အရင်ကတည်းက အိပ်ပုတ်တာကို
စောစောလာနှိုးရောပေါ့
ငါတို့က နှိုးချင်တာကို
နင့်လင်က နှိုးမပေးတာလေ အိပ်ရေးပျက်ရင် ခေါင်းကိုက်မယ်တဲ့
(15)🚨🚨🚨
Start from the beginning
