21(မောင်)

Start from the beginning
                                    

"ရှင်"

ငါနားကြားလွဲတာမလား
သူ မေမေ့ကိုပြောလိုက်တယ်

ဘယ်လိုအရူးလဲ သွားပါပြီနော်

"ဒေါက်တာ ဒါစ,စရာမဟုတ်ဘူးနော်"

"ကျွန်မလည်းအတည်ပြောနေတာပါ
နောက်ပြီးအမေကတောင်
ကြိုးစားထားလို့ပြောနေသေး"

သူမခေါင်းကိုအပေါ်မော့လိုက်ပြီး

"အား ဘာလို့အဲ့လိုလုပ်တာလဲ"

"ကျွန်မ Jijiကိုချစ်လို့လေ"

"ဒေါက်တာနဲ့ပြောစရာမရှိတော့ဘူး"

ထွက်သွားဖို့ပြင်နေတဲ့သူမကို
သူ ဒီတစ်ခါတော့လက်မလွတ်နိုင်တော့ဘူး

သူမရဲ့ပခုံးကိုတင်းနေအောင်
နောက်ကနေဆွဲဖက်လိုက်တယ်

"Jiji"

သူမလည်းတောင့်နေပါပြီ
သူ့အပြုအမူကြောင့်ပေါ့

"Sooတောင်းပန်ပါတယ်
ပြောခဲ့ပြီးသားလေ မလိုက်ဖက်ဘူးလို့"

"ကျွန်မလည်းပြောပြီးသား
အဲ့တာတွေကိုဂရုမစိုက်တတ်ဘူးလို့"

"ဒေါက်တာလည်းJennieလိုပဲ
သိပ်ခေါင်းကြောမာတယ်"

"အဲ့လိုခေါင်းကြောမာခဲ့လို့
Jennieလည်းLisaကို
ရအောင်ယူနိုင်ခဲ့တာလေ"

"ဒေါက်တာ"

သူမ မျက်အိမ်တွေဝိုင်းစက်သွားတယ်

"သိနေတာလားဟင်"

"ကျွန်မအားလုံးသိပြီးပါပြီJiji
ကျွန်မကိုငြင်းတာကအဲ့တာကြောင့်လား
Lisaနဲ့ချစ်သူတွေဖြစ်ခဲ့လို့
ကျွန်မအပေါ်အားနာတာလား
ဒါမှမဟုတ်ရင် အခုထိသူ့ကိုချစ်နေသေးလို့လား"

Sooချစ်တာ ဒေါက်တာ့ကိုပါ

"ဒေါက်တာပြောတာတစ်ခုမှမဟုတ်ဘူး"

"အာ့ဆိုဘာလို့"

"ဒေါက်တာရယ် Sooထက်သာတဲ့
မိန်းမတွေတစ်ပုံကြီးပါ
ဒေါက်တာနဲ့ယှဥ်ရင် Sooရှုံးရသာကြီး
ဒေါက်တာတို့အသိုင်းအဝိုင်းကလည်း
Sooကိုလက်ခံကြမှာမဟုတ်ဘူး
ပတ်ဝန်းကျင်ကိုကြောက်လို့လည်းမဟုတ်ဘူး
အဲ့လိုသာကြောက်ခဲ့ရင် Lisaနဲ့လည်း
တွဲဖြစ်ခဲ့မှာမဟုတ်ဘူး"

"မောင်"(JENLISA//LISOO)Where stories live. Discover now