အပိုင်း၅။။ ချစ်သည်းကညှာ၏အပြုံးပန်း

Start from the beginning
                                    

လိုက်ဝယ်နေတုန်း အနွယ့်နောက်က လူလိုက်လာသလိုခံစားနေရသည်ကြောင့် ခြေလှမ်းတွေကိုခပ်သွက်သွက်လျောက်လိုက်သည်။

အနွယ်ခြေလှမ်းအတိုင်းထပ်တူလိုက်လာသော လူတွေကြောင့် အနွယ်ပြေးမိပြေးရာပြေးလိုက်သည်။ ကံမကောင်းချင်တော့ ‌ဈေးကွဲချိန်ဖြစ်သည့် အတွက်ဈေးသည်တော်တော်များများက မရှိတော့ပေ။ ရှိသည့်ဆိုင်တွေကလည်း ဈေးအဝင်ဝနားမှားသာရှ်ိသည့်အတွက် အနွယ့်နောက်ကို လူလိုက်လာသည်ကို ဘယ်သူမှမမြင်ကြပေ။

ပြေးရင်းပြေးရင်း ဈေးနောက်ဘက်သို့ရောက်သွားတော့သည်။ဈေးအနောက် ဘက်တွင် ဂိုထောင်အဟောင်းတွေသာရှ်ိသည့်အတွက်ပြေးလဲမလွတ်တော့ပေ။ ဤသည်ကြောင့် ထိုလူတွေနှင့်မျက်နှာချင်းဆိုင်လှည့်လိုက်ပြီး မျက်နှာထားကို အတတ်နိုင်တည်ထားလိုက်သည်။

" ရှင်တို့ဘာလိုချင်လို့လဲ ပိုက်ဆံလား ဘယ်လောက်လိုချင်လဲပြော!"

" ကျုပ်တို့က ပိုက်ဆံလိုရင် ဓါးပြတိုက်မှာပေါ့ ပိုက်ဆံမလိုလို့ ဒီကအလှလေးနောက်လိုက်တာလေ !"

" ဘာ ရှင့်! "

" ကျုပ်တို့နဲ့ပျော်ပါးရအောင် သေချာပေါက် ဒီဘက်ကအလှလေး ကြိုက်မှာပါ"

" ရှင်တို့လူယုတ်မာတွေ!"

" အခုမှ ယုတ်မှာပါ ဟေ့ဟျောင်တွေ ဒီကောင်မကို ချုပ်ထားလိုက်စမ်း!"

" လွတ်နော်! ကယ်ကြပါ!"

" ဟဲ့ဟျောင်တွေ ဒီကောင်မရဲ့ပါးစပ်ကို အဝတ်စနဲ့ဖြင့်ဖြင့်စို့ထားလိုက်"

"ဘာလို့ ဒီလောက်အော်နေသတုန်း ခနနေကြရင်အော်ဖို့အားအင်‌ေလး‌ေတွချန်ထားသဦးလေ"

* ဖြန်း*

ငြိမ်ငြိမ်မနေသည့်ကောင်မကို ပါးရိုက်လိုက်သည်မှငြိမ်ကျသွားတော့သည်။ ထိုအခါမှ အင်္ကျီတွေကိုဆွဲဖြဲလိုက်တော့သည်။

တစတစနယ်ကျွံလာသည့်လက်တွေကြောင့်အနွယ် သေလောက်အောင်ရွံမိသည်။

ထိုအထိအ‌တွေ့တွေ ရုတ်တရက်ရပ်တန့်သွားပြီးအတော်ကြာသည်ထိ နောက်ထပ်အထိတွေမကျရောက်လာသည်ကြောင့် အတင်းအကျပ် ပိတ်ထားသည့်မျက်လုံးကိုပြန်ဖွင့်ကြည့်လိုက်တော့ ရှေ့တည့်တည့်မှာ ကမ်းထားသည့် လက်သွယ်သွယ်တစ်စုံကိုတွေ့လိုက်ရသည်။
ထိုလက်ပိုင်ရှင်ကို မော်ကြည့်လိုက်တော့ မာနကြီးပါတယ်လို့ အနွယ်သတ်မှတ်ခဲ့သည့်မမလေးဖြစ်နေသည်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now