အပိုင်း၄။ အချစ်သက်သေ

Start from the beginning
                                    

စကားလုံးတွေကနှိမ့်ချသယောင်ဖြစ်နေသော်ငြားလည်းလေသံကြားရသူတိုင်းအဖို့သည်တော့ထိုသို့မဟုတ်မှန်းအတပ်သိကြသည်။

" ပြန်ဝယ်နိုင်လို့လား.."

" မမလေးသာ အရင်ဈေးပြောကြည့်ပါလားရှင် ဒါဆိုရင် အနွယ်ဘက်ကလည်းဝယ်သင့်မဝယ်သင့်ဆုံးဖြတ်ရတော့တာပေါ့"

" ၁၀၀ ကျပ် ဘယ်လိုလည်းဝယ်နိုင်ပါ့မလား!"

လှောင်သလိုစကားကြောင့် မနေ့ကမှလောလောလတ်လတ်ဝယ်ထားသည့်ရိုဒါးနီးယားနာရီကို လက်မှာပတ်ထားသည်မှချွတ်လိုက်ပြီး အနည်းဝေးသည့်နေရာမှာရပ်နေသည့် မာနခေါင်ခိုက်လိုက်သည့်မမလေးထံလျှောက်သွားလိုက်သည်။ အနားရောက်သည်နှင့်ချွတ်ထားသည့်နာရီကို မမလေးရဲ့လက်ဖဝါးထဲ အသာထည့်ပေးလိုက်ပြီး ပိတ်စထုတ်ကို ယူလိုက်သည်။ ထိုအပြုအမှုသည်ကားရိုင်းပြသည့်ပုံပေါက်သော်လည်း အနွယ်ကတော့ဂရုပင်မစိုက်။

" ရပြီမှလား နာရီကအစစ်ပါ မယုံရင်သွားစစ်ကြည့်လို့ရတယ် မမလေးပြောထားတဲ့ ၁၀၀မှာ ၃၀တောင်ပိုနေသေးတယ်နော့  ဒါဆိုရင်ခွင့်ပြုပါဦး"

သူမရှေ့ကနေ ပိတ်စထုတ်ကိုဆွဲယူသွားပြီးအောင်နိုင်သူသဖွယ် ထွက်ခွာသွားသောအမျိုးသမီးရဲ့ကျောပြင်ငယ်ကိုစိုက်ကြည့်ရင်း အမည်မဖော်နိုင်သည့်အပြုံးတစ်ပွင့်ပန်ဆင်လိုက်သည်။

ဘယ်ဆိုးလို့လဲ သစ္စာနွယ်။

ဒါပေမဲ့ မင်းလေးလွတ်သွားတဲ့အချက်တစ်ချက်ကိုပြောပြချင်စမ်းပါဘိ။

ဒီပွဲမှာမင်းနိုင်သွားတယ်ဆိုတာ ကျုပ်အနိုင်ပေးလိုက်ဆိုတာမမေ့လိုက်ပါနဲ့ နွယ်~~~။
***************************************************

အနွယ် ရွှေရင်အေးဆိုင်ရောက်တော့ အထက်တန်းလွှာသခင်မလေးတစ်ယောက်နဲ့ရီရီမောမောစကားပြောနေသည့် သျှင်းကိုတွေ့လိုက်ရသည်။

" သျှင်း ဘာအကြောင်းကြောင့် အဲ့လောက်တောင်ရီမောနေရသလဲ"

" မမနွယ် ဒီမှာလေ ဒီဘက်က သခင်မလေး ပြောပြတဲ့ဟာသက အရမ်းရီရလွန်းလို့ "

" ဪ အဲ့သလိုကိုး"
အနွယ် ထိုသခင်မလေးကို ကြည့်လိုက်တော့ အခုလက်ရှ်ိရန်ကုန်မြို့ကို အုပ်စိုးနေတဲ့ မြို့အုပ်မင်းရဲ့သမီးဖြစ်နေသည်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now