03.

477 63 29
                                    

နောက် semester တစ်ခု ပြန်စတော့ ဂျေဂျေးလေးနဲ့ ဆောင်းဟွန်းနဲ့ အများကြီး အနေဝေးသွားတယ်။ ဝေးဆို တစ်ယောက်နဲ့ တစ်ယောက် ရွေးထားတဲ့ specialized course တွေအပြင် elective courses တွေပါ တူတာ မရှိသလောက်ကို ကွဲနေကြတာကိုး။ entrepreneur လောင်းလျာလေး ပတ်ဂျေးကတော့ business management , project management နဲ့ ဆက်နွယ်တဲ့ course တွေ အများကြီး ယူပလိုက်တာ ဖြစ်ပြီး သူကတော့ algorithms တွေ၊ data analysis အပိုင်းနဲ့ ဆိုင်တဲ့ subject တွေ အများကြီး ရွေးပစ်လိုက်တယ်။ ဘာပဲ ဖြစ်ဖြစ် department ကတော့ အတူတူပဲမို့ အနည်းဆုံးပင်မ အဆောက်အဦ တစ်ခုတည်းအောက်မှာ မကြာခဏ တွေ့နေရတာပါပဲ။

Senior year ရောက်ပြီဆိုတော့ ကျောင်းသားတိုင်းက semester break ရောက်ရင် လုပ်ရမယ့် graduation project တွေရော၊ ကျောင်းပြီးရင် အလုပ်ဝင်ဖို့ အထောက်အကူ ဖြစ်အောင် intern programs တွေ လျောက်ဖို့ရော အလုပ်များနေပေမယ့် သူ့ဂျေဂျေးကတော့ ကိုလူအေးလေး လုပ်လို့ ကောင်းနေတုန်းပါပဲ။ တစ်ခါတစ်လေဆို အတန်းမတက်ဘဲ library ထဲ စာအုပ်လေး ခေါင်းခုပြီး အိပ်လို့၊ တစ်ခါတစ်ရံကျလည်း သူနဲ့ မဆိုင်တဲ့ game theory အတန်းတွေ လာတတ်ပြီး သူ့ သူငယ်ချင်းတွေအစား quiz တွေပါ ဝင်ဖြေနေသေးတာ။ တကယ်ကို မြင်နေရုံနဲ့တင် စိတ်ချိုမြိန်ကြည်နူးရတဲ့ ပကတိ နွားနို့ခဲလေးပါပဲလေ။

" ဆောင်းဟွန်း .. ငါလည်း တွက်ကြည့်ချင်တယ် "

တစ်ခါတစ်လေကျ သူမယူထားတဲ့ Calculus အတန်းတွေ လာတက်ပြီး ဆောင်းဟွန်းဘေးနား လာရှုပ်တတ်သေးတာ။ ဆောင်းဟွန်းတင် မဟုတ်ပါဘူး။ ဂျေဂျေးက ဘယ်သူနဲ့မဆို ပေါ့ပေါ့ပါးပါး ရင်းရင်းနှီးနှီးနေတတ်တာ။ အတန်းထဲမှာလည်း သူနဲ့ မခင်တဲ့သူ ဆိုတာ မရှိသလို professor တွေဆိုလည်း သိပ်ချစ်ကြတာ။ တကယ့်ကို campus တစ်ခုလုံးရဲ့ စိတ်ပျော်ရွှင်မှု အရင်းအမြစ်လေး။

🌊

အတန်းချိန်တွေ မတူလို့ တွေ့ရခဲပါတယ်ဆိုမှ တွေ့လိုက်တိုင်းလည်း သူ့မှာ သိပ်ချစ်ရတဲ့ ကိုလူအေးလေးကို နားမလည်နိုင်ပြန်ဘူး။ အခုလည်း ပင်စင်ယူတော့မယ့် Professor တစ်ယောက် အတွက် farewell လုပ်ပေးနေတာကို အားကစားခန်းမ အနောက်ဘက်မှာ ဂျောင်လေးထဲကပ်ပြီး cake ထိုင်စားနေပြန်တယ်။

Written in the stars | SungJeng Where stories live. Discover now