အပိုင်း (၂၅)

Start from the beginning
                                    

"ငါက ဂျူနီယာမောင်လေးလို့ထင်နေတာ အခုမဟုတ်တော့ ကြည့်ရတာ တံခါးပိတ်ကျင့်ကြံနေတဲ့ စီနီယာဖြစ်မယ်ထင်တယ်"

ချန်းထျန်ယိုနှင့် အကြီးအကဲများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ သူတို့၏ မျက်နှာများမှာ ပို၍ အရုပ်ဆိုးလာတော့သည်။

ဝိညာဉ်အထူးပြုဂိုဏ်းမှ အကြီးအကဲများမှာ ဤ‌ဘေးဒုက္ခမှာ ရွှေဗဟိုနယ်ပယ်မှ သေမျိုးစွန့်ခွာခြင်းသို့ ချိုးဖျက်တက်ရောက်ခြင်းမဟုတ်သည်ကို သေချာနေကြသည်။ ယခု ကျောင်းလင်နှင့် ကျိုးချန်းကျီတို့က သူတို့မဟုတ်ဘူးဟု ငြင်းနေကြသောကြောင့် ကောင်းကင်ဒုက္ခကို ဖြစ်စေသည့် နောက်ကွယ်မှသူမှာ မည်သူနည်း။

"အဲ့တာချင်ကျင်းဖြစ်နေမလားမ..." ချန်ဟောက်ရုတ်တရက်ပြောလိုက်မိသည်။ သို့သော်လည်း  စကားလမ်းတစ်၀က်တွင် သာရပ်လိုက်သည်။

ချန်ချင်းချင်းသည် ချင်ကျင်း၏ အထူးအနေအထား ကိုသိလေကာ သူ့ကို ကတိပေးထားခဲ့၏။ ယခုချန်ဟောက်မှ ထုတ်ရာပြောနေသောကြောင့် သူ၏ အဖေမှာ သူမကို လုံး၀ မေးမြန်းတော့မည် ဖြစ်သည်။

ငတုံးစီနီယာအကိုကြီးးး

"မင်းကိုကယ်ခဲ့တဲ့ သူတွေကိုပြောတာလား" ချန်ထျန်းယို မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ကောင်းကင်ဘုံဘေးဒုက္ခကို တားဆီးဖို့အတွက် သူတို့ဂိုဏ်း၏ အကာအကွယ်ဖွဲ့စည်းပုံသည် နှစ်တစ်၀က်စာ ၀င်ငွေနှင့် ညီမျှသော မှော်ကျောက်တုံးများကို အသုံးပြုခဲ့ရသည်။ ယခု သူက ကောင်းကင်ဘုံဘေးဒုက္ခသည် အပြင်လူကြောင့် ဖြစ်နိုင်ဟည်ဟု ကြားနေရသောကြောင့် သွေးများဆောင့်တက်သွားသလိုပင် ခံစားလိုက်ရကာနှလုံး နာကျင်သွားရတော့သည်။

သူပို၍တွေးလေ ပို၍ပင် ဒေါသထွက်လာသဖြင့် ဒေါသတကြီးအော်ပြောလိုက်တော့သည်။

"သူတို့ကိုသွားခေါ်လာစမ်း"

"အဖေ၊ သူတို့အခု အနားယူနေကြတယ် ဒီကိစ္စကိုမနက်ဖြန်မှ ဆက်လေနော်" ချန်ချင်းချင်း ၀င်ပြောလိုက်သည်။ သူမက ချင်ကျင်းတို့ကို ခေါ်ရမည့်အစား သူမ၏ အဖေကို နောက်ပြန်ဆွဲနေမိသည်။

ဂန္တဝင်စနစ်Where stories live. Discover now