အခန်း (၁)

17.4K 583 16
                                    

အခန်း (၁)

မေဂျာစုံတက္ကသိုလ်တွေ ဖွင့်ကြတဲ့အချိန်။ လူကြိုက်များလှတဲ့ ဒီဇင်ဘာလမှာ ပေါ့။ သူများတွေရဲ့ဆောင်းက ဘယ်လိုနေကြမလဲ မသိပေမယ့် ကျွန်မရဲ့ ဆောင်းကတော့ ကမ်းရိုးတန်းဆောင်းပါ ။ နှင်းတွေ ရဲရဲလှိုင်မယ်ဆိုတောင် ပြန်ပြီး အအေးပြယ်မြန်မယ့် ပင်လယ်အနီးအပါးက ဆောင်းပေါ့။

နောက်ပြီး ဒီဆောင်းမှာ ကျွန်မရဲ့ တစ်ဘဝလုံးကို ရဲရဲကြီးပြုစားနေတော့မယ့် အမျိုးသမီးတစ်ယောက်ကို မြူ မကွဲတကွဲအချိန်မှာပဲ ရလိုက်ပါတယ်။

မမ မေငြိဏ်းကျော်

ကျွန်မက မက်ထရစ် အောင်ပြီးနောက် တက္ကသိုလ်မြေကို ပထမဆုံး ခြေချရမယ့် ယူနီကျောင်းသူ အသစ်စစ်စစ်ကြီးပေါ့။ ရင်ထဲမှာ လတ်ဆတ်တဲ့ အတွေ့အကြုံကို ဘယ်လိုရင်ဆိုင်ပစ်လိုက်မယ်ရယ်လို့ မျှော်တလင့်လင့်နဲ့ရယ်လေ။

တက္ကသိုလ်ကျောင်းသူဘဝဆိုတာ သီချင်းတွေထဲ၊ ကဗျာတွေထဲ၊ မြန်မာဗီဒီယို ကားတွေထဲမှာ ပါသလိုလား။ သူငယ်ချင်းအသစ်တွေ ရလာပြီး ကင်န်တင်း ထိုင်ရမယ့် ပျော်စရာနေ့ရက်များ ကြုံလာရတော့မလား။ ညဘက်ကြားရမယ့် ဂစ်တာခေါက်သံတွေကို လက်တွေ့ကြားရတော့မှာပဲ ဆိုပြီးလည်း စိတ်ထဲ ကြိုတင် တွေးတောမိခဲ့ပါသေးရဲ့။

ဒါပေမယ့် တစ်ခါမှ မခုန်ဖူးသေးတဲ့ နှလုံးသားတစ်ခုကို ကျွန်မ မေ့ကောင်းကောင်း နဲ့ မေ့နေခဲ့ပါတယ်။

မမ မေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ရေသောက်မြစ်ငယ်ပေါ့သူ စီးဝင် လာခဲ့တယ်သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မေ့နိုင်တော့တဲ့အထိပါပဲ

ကိုယ့်ရန်သူတစ်ယောက် ခုတ်ချလိုက်မယ့် နောက်ဆုံးဓားချက်လို မမ မေငြိဏ်းရဲ့ ပထမဆုံးအပြုံးက ရင်ထဲ ပြက်ပြက်ထင်ထင်ကြီးကို စူးနက်သွားရဲ့လေ။ တစ်ခါတည်းပါပဲ။ ဒါပေမယ့် သေရာပါ ပါပဲကွယ်။

မမ မေငြိဏ်းကျော် သိလား vol 1 [Complete]Where stories live. Discover now