အခန်း ၁၄‌၈။အမှန်တရား

2.5K 259 1
                                    

အခန်း ၁၄၈။ အမှန်တရား

"ရှဝူရွှမ်းကို တွေ့ချင်လို့" ဟု ရှင်းဟယ် ဖြေလိုက်သည်။

ဝူရွှမ်းသည်လည်း ထိုဆေးရုံမှာ တက်နေရ၏။ ရှင်းဟယ် သူမ အခန်းထဲသို့ ဝင်သွားသောအခါမှသာ ဝူရွှမ်း၏ အခြေအနေ မည်မျှဆိုးရွားကြောင်းသိလိုက်ရလေသည်။

သူမ တစ်ကိုယ်လုံး အထူးသဖြင့် သူမ၏မျက်နှာကို ပတ်တီးဖြင့် စည်းထားသည်။ ပတ်တီးက မေးစေ့၏ ဘယ်ဘက်မှစ၍ နှာခေါင်းကိုပတ်ထားပြီး ခေါင်းကို တစ်ပတ်ပတ်ထားသည်။

ဒဏ်ရာများက ပတ်တီးဖြင့် ဖုံးထားသော်လည်း သူမ မျက်နှာက ဆိုးဆိုးရွားရွား ပျက်စီးသွားသည်မှာ သေချာပေသည်။

အမှန်မှာ သူမ ထိခိုက်မှု ပြင်းထန်လွန်း၍ အိပ်ရာထဲ လှဲနေသူမှာ ဝူရွှမ်းဟုပြောရန်ကိုပင် ခက်လှသည်။

ရှင်းဟယ်ကို မုန်းတီးသည့် အကြည့်များဖြင့် ကြည့်မနေပါက ၀ူရွှမ်း အစစ်ဆိုသည်ကို ရှင်းဟယ် သိမည် မဟုတ်ပေ။

"အပျက်မ၊ နင် ဒါအတွက် ပြန်ပေးဆပ်ရလိမ့်မယ်..." ရှင်းဟယ် ဝင်လာသည်နှင့် ဝူရွှမ်း ပျက်စီးနေသောလေပြွန် ကဲ့သို့ ဟိန်းဟောက်လေသည်။

ရှင်းဟယ် အနည်းငယ်ပြုံးလိုက်သည်။

"အော် နင်ကိုး၊ ရှဝူရွှမ်း၊ နင်အသက်ရှင်နေသေးတာကို ငါလေ အံ့ဩမိတယ်"

"စုန်းမ" ဝူရွှမ်း ဒေါသပုန်ထနေ၏။ သူမ၏ ခန္ဓာကိုယ် အခြေအနေကြောင့်သာ မဟုတ်ပါက သူမ ရှင်းဟယ်ကို တိုက်ခိုက်ပြီးသားပင်။

"ငါ့ကို ခုလို ထိခိုက်သွားအောင် လုပ်တဲ့အတွက် ဘုရားက နင့်ကို ဒဏ်ပေးလိမ့်မယ်။ နင်နဲ့နင့်မိသားစုတို့ ရက်စက်တဲ့ နှလုံးသားရှိတဲ့အတွက် မိုးကြိုးအပစ်ခံရလိမ့်မယ်။ နင်သားလည်း နင်နဲ့အတူ သေလိမ့်မယ်၊ ဘာလို့လဲဆိုတော့ အဲဒါနဲ့ပဲ နင်က ထိုက်တန်တယ်။ နင်တို့ အားလုံး အသေဆိုးနဲ့ သေရလိမ့်မယ်။ စောင့်ကြည့်နေလိုက်"

"ပါးစပ်ပိတ်ထား" ရှကျီ သူမကို ဆူပူကြိမ်းမောင်းလိုက်သည်။

"ရှဝူရွှမ်း၊ နင်ကသာ ရက်စက်တဲ့ နှလုံးသားရှိတာ အဲဒါကြောင့် သေချင်သေ နင်ပဲ အသေဆိုးနဲ့သေမှာ"

ဝေးလွင့်ပြီးသော အတိတ်Where stories live. Discover now