(၈၄) အရူးမ

4.5K 564 6
                                    

Mm Translator: ElysiumGale

(၈၄) အရူးမ

ထိုကဲ့သို့ မျက်စိဖမ်းစားနိုင်သည့် ကားမျိုး မောင်းလာခြင်းက ဝိုင်းကြည့်ခံရသဖြင့် သူတို့အတွက် လမ်းညွှန်ပေးရန် မေးစရာလူ မပြတ်လပ်တော့ပေ။

လမ်းညွှန်သူများ၏ အကူအညီကြောင့် သူတို့သွားမည့် လူ၏ နေအိမ်သို့ လျင်မြန်စွာ ရောက်လာခဲ့သည်။

ထိုနေရာက စုတ်စုတ်ပြတ်ပြတ် တစ်ထပ်အိမ်ဖြစ်ကာ အိမ်ထောင့်များက မီးဘေးသင့်ကာ ဆေးနံရံများက ပျက်စီးနေသည်။ ရှင်းဟယ်နှင့် ရှကျီ ကားထဲမှ ထွက်သည်နှင့် အိမ်ထဲမှ ရန်ဖြစ်နေသည့် အသံကို ကြားလိုက်ကြသည်။

အသတ်လတ်ပိုင်း လက်ထပ်ပြီး စုံတွဲတစ်တွဲက လူတစ်ယောက်ကို အကျဉ်းသားတစ်ယောက်အား ကြိမ်းမောင်းသည့်ပမာ ဆူနေကြသည်။

"အရင်အပတ်တုန်း မင်း ဒီအပတ် ပေးမယ်လို့ ပြောခဲ့တယ်။ အခုတော့ မင်းက နောက်အပတ်မှ ပေးမယ်လို့ ထပ်ပြောပြန်တယ်။ နောက်အပတ်ဆိုပြီး ဘယ်တော့မှ ပြီးတော့မှာ မဟုတ်ဘူး။ တကယ်လို့ မင်းမှာ အခုချက်ချင်း ပိုက်ဆံ ပေးစရာ မရှိရင် ငါတို့တွေ ရဲစခန်းကိုသွားပြီး ဒီကိစ္စကို အဆုံးသတ်မှ ရတော့မယ်"
ထိုစကားများသည် သတ်လတ်ပိုင်း အမျိုးသားတစ်ယောက်က ပြောနေတာ ဖြစ်သည်။ သူက ပိန်ပါးပြီး အရပ်မြင်သည်။ သို့သော် သူသည် လူကို အပြစ်ပြောသောအခါ သေးသိမ်သွားစေသည်။ သူက နွမ်းပါးစွာ ဝတ်ထားသည့် လူကို အာရုံစိုက်ပြောလွန်းနေသောကြောင့် တံတွေးများ လွင့်စင်နေတော့သည်။

သူဇနီးက ဆက်ပြောသည်။

"ဟုတ်တယ်။ နင်ပိုက်ဆံကို ပြန်ပေးဖို့ ဆက်ပြီး ငြင်းနေမယ် ဆိုရင် ငါတို့တွေ ရဲစခန်းကို သွားပြီး ဒီကိစ္စကို ဖြေရှင်းမယ်။ နင်ပိုက်ဆံမရှိလို့ ဒီအကြွေးကို ပေးဖို့ မလိုဘူးလို့ စိတ်တောင် မကူးနဲ့၊ အဲဒါက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ နင် ဘာလုပ်လုပ် ဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်းပိုက်ဆံရအောင် ရှာခဲ့"

ထိုလူက သူ့သိက္ခာကို မျိုသိပ်ပြီး တောင်းဆိုလိက်သည်။

"ယုံကြည်ပါ။ ကျွန်တော် အကြွေးမပေးဘဲ ဒီကနေ ထွက်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော် နောက်အပတ်ကျ ပိုက်ဆံကို သေချာပေါက် ပြန်ပေးမှာပါ"

ဝေးလွင့်ပြီးသော အတိတ်Where stories live. Discover now