အပိုင်း၂။ မြေခွေးအို

Start from the beginning
                                    

အနွယ် ထိုအိမ်ထဲခြေချလိုက်သည်နှင့် ချော်လဲသွားမလားလို့တောင်ထင်ရသည့် ပြောင်လက်နေသည့် ကြမ်းခင်းတွေရယ် ၊ ရွှေရောင်တလက်လက်ထနေသည့် မီးဆိုင်းတွေရယ် သိပ်ကို ခမ်းနားပါဘိ။

သို့သော်ငြားလည်း အိမ်က ခမ်းနားသလောက် ပိုင်ရှင်ကတော့ ရွံရှာဖွယ်အတိပေ။

အနွယ် ထိုလူခေါ်ရာနောက်ကို လိုက်သွားတော့ အခန်းတစ်ခုရှေ့မှာ ရပ်စောင့်နေသည့် ယောက်ျားတွေကို တွေ့လိုက်ရသည်။ အနွယ့်ကိုခေါ်လာသည့်သူက ထိုယောက်ျားတွေရပ်နေသည့် အခန်းထဲကို ဝင်သွားခိုင်းသည်။

စိတ်လှုပ်ရှားနေသော်လည်း အခကြေးငွေယူထားသည့်တိုင် ကိုယ့်တာဝန်ကိုယ်ကြေရမည် မဟုတ်လား။ ဤ သည်ကြောင့် အခန်းထဲကို ရဲဆေးတင်ပြီးဝင်သွားလိုက်သည်။

အခန်းထဲရောက်သည်နှင့် နှာခေါင်းထဲတိုးဝင်လာသည့် အမွှေးရနံ့ကြောင့် အနွယ် ခပ်မဲ့မဲ့ပြုံးမိသည်။ အနွယ့်လို လေးငါးနှစ်ကြာသက်တမ်းရှိသည့် အပျော်မယ်တစ်ယောက်က ထို အမွှေးနံ့က ဘာအနံ့လဲဆိုတာ မသိနိုင်စရာအကြောင်းမရှိပေ။

အခန်းထဲက ကျွန်းထိုင်ခုံကြီးပေါ်မှာ ခပ်မိန့်မိန့်ထိုင်နေသည့် အသက်ကြီးကြီးလူအိုကြီးနားသွားတစ်လှမ်းခြင်းလျှောက်သွားလိုက်ပြီး လွတ်နေသည့် နေရာမှာ ဝင်ထိုင်လိုက်သည်။

" စကြတော့မလား.."

ဦးရာဇဝင်ထိုချိုသာလှသည့်အသံလေးကြောင့် ခပ်မိန့်မိန့်ပြုံးလိုက်ပြီး ထိုအမျိုးသမီးငယ်၏ ခပ်သွယ်သွယ်ကိုယ်လုံးတွေ မချီလိုက်ပြီး ကုတင်ပေါ်သို့တင်ပေးလိုက်သည်။

" မင်းလေးရဲ့ လုပ်ပိုင်ကိုင်ပုံကို အရင်ကြည့်ဦးမယ်"

" ကောင်းပြီလေ သူဌေးမင်း"
ခပ်အီအီပြန်ဖြေလာသောအသံကြောင့် လူရွေးမမှားမှန်းအတပ်သိလိုက်ရသည်။

အနွယ် မချစ်သော်လည်းအောင့်ခါနမ်းဆိုသည့်စကားအတိုင်း ထိုလူအိုကြီး၏ နှုတ်ခမ်းပါးကို တပ်မက်စွာ နမ်းရှိုက်လိုက်ပြီး အသက်ရှုလို့မဝတော့သည့်အခါမှ ဂဟေဆက်ထားသည့်နှုတ်ခမ်းဖျားနှစ်လွှာကို ခပ်ဖြေးဖြေးခွာလိုက်တော့သည်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now