အပိုင်း(၂၄)

Comenzar desde el principio
                                    

ထိုအချိန်မှာတော့ လက်ထဲမှာသေသေချာချာမကိုင်ထားမိတဲ့ ကကစ်ကလေး ကြမ်းပြင်ပေါ်သို့ ကျသွားလေသည်
သူမ မျက်လုံးတွေပြူးကျယ်ပြီး အက်စတယ်လာကို ကြည့်လိုက်လေသည် အက်စတယ်လာမှာ နှင်းရေတွေစိုနေတဲ့ silver-drop ပန်းတစ်ပွင့်နှင့်ဆင်တူသော မျက်နှာတစ်ခုရှိလေသည်

"သတိမထားမိလောက်အောင် မမြင်သာတော့ ကျွန်မလဲအစတုန်းကမသိခဲ့ဘူး ကျွန်မ မစ်နေးရားကို ဆိုင်ထဲမှာတုန်းက အပြီးသတ်၀တ်စုံနဲ့မြင်သေးတာတောင် ကျွန်မသတိမထားမိခဲ့ဘူး ရှင်က ဂါ၀န်ကို ကျွန်မနဲ့လိုက်မဲ့ ဒီဇိုင်းဖြစ်အောင် ပြင်နေတုန်းကမှ ကျွန်မလေ့လာမိခဲ့တာ"
ပါနေးရားက အက်စတယ်လာအဆုံးထိ သတိမထားမိလောက်ဘူးဟု ထင်ခဲ့တာကြောင့် သူမ ရှက်နေမိသည်  အခုကြည့်ရတာ သူမကသာတချိန်လုံး ထုံအနေတာပင်

"ဒါက...."
စကားပင်ပြန်မဖြေနိုင်တော့သည့် သူမအား အက်စတယ်လာ စကားဆက်ပြောလာခဲ့သည်
"ဒါကြောင့် ကျွန်မ မစ်Chanelကို မစ်နေးရား၀တ်မဲ့ ဂါ၀န်နဲ့လိုက်မဲ့ ကလစ်ကလေးလုပ်ပေးဖို့ပြောလိုက်တာ ဒါလေးက ကျွန်မကို မစ်နေးရားပေးခဲ့တာနဲ့ ယှဉ်လိုက်ရင် သေးငယ်ပါတယ် ဒါပေမဲ့ ဒါလေးက သေးငယ်တဲ့ဟာလေးတစ်ခုဆိုရင်တောင်မှ ကျွန်မ ရှင့်ကို ပြန်ပေးချင်တာ"
အက်စတယ်လာ ‌ကြမ်းပြင်ပေါ် ကျနေတဲ့ ကလစ်ကလေးကို ကောက်လိုက်ပြီး သူမရဲ့ခရမ်းပြာရောင်ဆံနွယ်တွေပေါ် တင်ပေးလိုက်သည်

ထို့နောက် သူမကကျေနပ်သွားသလို  မျက်လုံးတွေကွေးပြီး ပြုံးလိုက်သည်
"ထင်တဲ့အတိုင်းပဲ အလွန်လှပတာပဲ"

'စာရေးဆရာ ကျေးဇူးပြုပြီး ဒီ၀တ္ထုရဲ့ genreကို ပြောင်းလိုက်ပါတော့...'

ဇာတ်လိုက်အမျိုးသမီးကြောင့် သူမရင်တွေအခုလိုခုန်လာလိမ့်မဲ့အခိုက်အတန့်မျိုးရှိလာလိမ့်မယ်လို့ သူ မထင်မထားခဲ့သည်
စိတ်လှုပ်ရှားမှုတွေကို ဖိနှိပ်ရင်း ပါနေးရား ဖြေလိုက်သည်

"ကျေးဇူးတင်ပါတယ် ကျွန်မဂရုတစိုက်သုံးလိုက်ပါမယ် ဒါပေမဲ့ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး စိတ်မကောင်းဖြစ်တာမျိုး ကျေးဇူးတင်တာမျိုး ထပ်ပြီးမဖြစ်ပါနဲ့တော့ ဒါကိုလုပ်တာက ကျွန်မကိုယ်တိုင်ဆန္ဒနဲ့လုပ်ခဲ့တာမလို့ပါ ကျွန်မက မစ်အက်စတယ်လာနဲ့ အလိုက်ဖတ်ဆုံးဂါ၀န်ကို ၀တ်တာမြင်ချင်တာကြောင့်ပါ"
"ဟုတ်ပါပြီ ကျွန်မလုပ်ပါမယ်"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးDonde viven las historias. Descúbrelo ahora