" Jay ... "

သူတို့ major ကလူတွေ အများစု .. အကုန်လုံး နီးပါးက ဂျုံဆောင်းကို ဒီလို ခေါ်ကြတယ်။ ဘယ်ကနေ ဘယ်လိုစခေါ်တယ်ကြဆိုတာတော့ ဆောင်းဟွန်းလည်း မပြောတတ်ပါဘူး။ ဂျုံဆောင်းမှာ Jake လို့ခေါ်တဲ့ med school က သူငယ်ချင်း တစ်ယောက်ရှိတဲ့ အပြင် အင်္ဂလိပ်စကားပြောလည်း အများကြီး ကောင်းတယ်။ ငယ်ငယ်ကတည်းက မြို့ကြီးပြကြီးမှာ နေလာရတဲ့ ကလေးတွေဆိုတော့ အင်္ဂလိပ်နာမည်တွေ ခေါ်ပြီး အင်္ဂလိပ်စကားတွေ ပြောကြတဲ့ ကျောင်းတွေမှာ တက်ခဲ့ကြတာ နေမှာပေါ့။ ဆောင်းဟွန်းတို့ မြို့လေးမှာတော့ တိုက်ပုလေးတွေရယ်၊ ပြောင်းဖူးခင်းတွေရယ်ကလွဲရင် ဘာမှ မရှိဘူး။ ယုတ်စွအဆုံး Burger King တောင် ရှိမနေဘူး။ ဒီလိုတွေ တွေးမိပြန်တော့လည်း သူနဲ့ ဂျုံဆောင်း ဘဝ အနေအထားက ကွာခြားလွန်းပါလားဆိုပြီး တိတ်တခိုးလေး ဝမ်းနည်းမိပြန်ရော။

ဆောင်းဟွန်းက စကားနည်းသလောက် အတွေးတွေ သိပ်များတတ်တဲ့ ကောင်လေး။ သူ့ခေါင်းထဲမှာ ဦးတည်ရာမဲ့ပြီး အဆက်အစပ်မရှိတဲ့ အတွေးတွေနဲ့ ပြည့်နေတတတ်တယ်။ ဒါပေမယ့် အခုနောက်ပိုင်းတော့ ခေါင်းထဲမှာ အတွေးပေါင်း တစ်ရာ ရှိနေရင် ကိုးဆယ့်ကိုးခုက ပတ်ဂျုံဆောင်း အကြောင်းတွေချည်းပဲ။

ပတ်ဂျုံဆောင်းလေး ငယ်ငယ်တုန်းက ဝဝကစ်ကစ်လေးလား၊ ပိိန်ပိန်သေးသေးလေးလား။ ပတ်ဂျေး ဆိုတဲ့ နာမည်ကရော ဘယ်လိုလေး ရလာတာလဲ။ အိမ်မှာရော မေမေဖေဖေတို့က ဂျုံဆောင်းလေးလို့ခေါ်သလား။ ဂျေဂျေးလေးလို့ခေါ်သလား။ ဂျေဂျေးလေး ဒီလောက်အထိ အချိုတွေ နင်းကန်စားနေတာ နေမကောင်း မဖြစ်ဘူးလား။ မေမေဖေဖေ တို့ကရော ဂျေဂျေးလေးကို မဆူဘူးလား။ ဂျေဂျေးလေး Instagram မှာ တင်ထားတဲ့ ပုံတွေကရော ဘယ်သူရိုက်ပေးတာလဲ။ ချစ်စရာကောင်းတဲ့ ဂျေဂျေးလေးက ဘာလို့ ဆေးလိပ်ပြာခွက်နဲ့ ဘီယာပုလင်းပုံတွေ  ခဏခဏ တင်ရတာလဲ။ ဂျေဂျေးလေးမှာ ရှင်းမ်ဂျယ်ယွန်း အပြင် တခြား ဘယ်သူငယ်ချင်းတွေ ရှိသေးလဲ။ Nicolas ဆိုတဲ့ အစ်ကိုကြီးက ဘာဖြစ်လို့ ဂျေဂျေးလေးနဲ့ ခနခန bubble tea တွေ အတူတူ မှာသောက်နေတာလဲ။ ရာသီဥတုက တဖြေးဖြေး ပူလာတာကို ဂျေဂျေးလေးက ဘာလို့ ဆံပင် မညှပ်သေးတာလဲ .. စသဖြင့် ဂျေဂျေးလေးနဲ့စတဲ့ အတွေးရေယာဉ်ကြောလေးတွေက သူ့ဦးနှောက်ထဲ နေ့စဉ် ဖြတ်သန်းစီးဆင်းလို့နေပါတယ်။

Written in the stars | SungJeng Where stories live. Discover now