အပိုင်း၁။ နှင်းဆီမြိုင်

Start from the beginning
                                    

" တော် လေး လက်ဖျားမှာငွေသီးပြန်ဦးမယ်ပေါ့ဟုတ်စ "
ထိုသို့ပြောလိုက်တော့ ရုပ်ပြစာအုပ်ဖတ်နေသည့်မိန်းမမျိုလေးက စာအုပ်ကို စားပွဲခုံပေါ်တင်လိုက်ပြီး အသင့်ချထားသည့်ရေနွေးချမ်းခွက်လေးကို ကောက်ကိုင်လိုက်သည်။

ထိုရေနွေးချမ်းခွက်ထဲက မပူမအေး အနေတော် ရေနွေးချမ်းလေးကို အရသာခံသောက်ရင်း မမချိုဆိုသည့် အမေးစကားကိုပြန်ဖြေလာသည်။

" ဟုတ်စ မမချိုရယ်  ဒီတစ်ခါ လက်ဖျားငွေသီးရင် မမချိုလိုချင်ပါတယ်ဆိုပြီးပြောပြောနေတယ့် ဘိလပ်ထည်ကို စူရတီ ဘဇားဈေးမှလိုက်ဝယ်ပေးမယ် "

" တဂယ်နော် တော် ညာရင် တော့်ကိုခွင့်မပေးဖူးနော် "

" ညာစရာလား မမချိုရယ် "

" ဟုတ်ပြီ "

" ကျုပ် ညအတွက်ပြင်ဆင်စရာရှိတာတွေပြင်ဆင်လိုက်ဦးမယ် "

" ဟုတ်ပြီ လှလှပပပြင်ဖို့ မမေ့စေနဲ့နော် တော်ကြာ တို့ နှင်းဆီမြိုင်စံအိမ် နာမည်ပျက်ဦးမယ်"

ထိုစကားကို အပြုံးတစ်ချက်သာပြုံးပြပြီး ဒုတိယမြောက်အထပ် ကို တတ်သွားသောအမျိုးသမီးငယ်ရဲ့နောက်ကျောကိုကြည့်ရင်း အမည်မဖော်နိုင်သည့်အပြုံးမျိုးပြုံးလိုက်သည်။

" မမချို .."

" ဟေ "
အသံပိုင်ရှင်ကတော့ စံအိမ်ရဲ့အပျော်မယ်လေးတသိုက်ရဲ့အသံသာဖြစ်သည်။ ဤ စံအိမ်တွင်အပျော်မယ် အများကြီးရှိသော်လည်း ဧည့်သည်တွေရဲ့ အသဲစွဲကတော့ ခုနကတင် ဒုတိယအထပ်ကို တတ်သွားသော အမျိုးသမီးငယ်သာ ဖြစ်တော့သည်။

"  ကျုပ်တို့ဖြင့် သူမကိုသိပ်အားကျတာပဲတော် ရုပ်လေးက အထက်တန်းလွှာနီးနီးချောတော့ မြို့ရဲ့သူဌေးကြီး တောင် လာငှားတာ သိပ်ကိုအားကျစရာပဲတော်"

" အယ်မလေး တော်လေးတို့ သူ့ကိုအားကျရင် တော်တို့လည်း လှအောင်လုပ်ဖို့ကြိုးစားလေ တစ်နေ့တစ်နေ့ အမူးသမားတွေနဲ့ပဲအချိန်ကုန်မနေစမ်းပါနဲ့အေ။"

" ဟုတ်ကဲ့ပါ မမချိုရဲ့ "

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ညနေရီတရော နေဝင်ချိန်တွင် စံအိမ်ရှေ့တွင် ကားတစ်စီးကအသင့်စောင့်ကြိုလို့နေလေပြီ။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now