အပိုင်း ၁၇ (အပိုင္း ၁၇)

Start from the beginning
                                    

"ဘာလဲ..."

"ပေးတာလေ....
ရောက်ခါစကာ ခဗျားကိုအထင်လွဲမိတာတောင်းပန်တဲ့အနေနဲ့ပေးတာ"

"ဪ...အဲ့လိုလား
ကိုယ်ကောင်းကောင်းသောက်ပါ့မယ်ဗျ"

"ခွင့်လွှတ်တယ်မလား"

"ပြောနေစရာလိုသေးလား ကိုယ်ကအစကတည်းက အပစ်မယူပါဘူး"

သံသရာအဆုံးထိမင်းကိုအပစ်မမြင်ရက်ပါဘူး
ဒီဘဝလည်းမင်းကိုပဲထပ်ချစ်မိပြန်ပြီထင်ပါရဲ့...

"ဖိုးဖိုးရေ...သွားတိုက်တံမပါလာလို့အသစ်ရှိရင်ပေးပါလား"

"ဖိုးဖိုးရေ...ဒီဆပ်ပြာကြီး ဘီဘီမသုံးတတ်ဘူး"

"ဖိုးဖိုးရေ ရေလဲသဘက်လေးမပါလာလို့
အသစ်ရှိရင်ထုတ်ပေးအုံးလေ"

ရေတစ်ခါချိုးတာကို ရေချိုးခန်းထဲကနေအော်ဟစ်နေတာ ဂျီမင်းမှာခေါင်းရှုပ်နေ၏။

ဒီကလေး ပါလာတာဘာတစ်ခုမှမရှိဘူး
ယူလာတဲ့အိတ်ကြီးကနည်းနည်းနောနောမဟုတ်ပဲနဲ့
သေချာသည်က သူ့အိတ်ထဲတွင်မုန့်တွေနဲ့သူ့ရဲ့ kaws ရုပ်တွေသာပါလိမ့်မည်။

"ဖိုးဖိုး..."

"ပြောလေ ဘီဘီ"

"ဟိုလေ...ဘီဘီကလိုတာတွေအများကြီးပဲမဟုတ်လား အဲ့တာအပြင်လေးမှာထွက်ဝယ်ချင်လို့ ဟဲဟဲ"

ဒီကလေးအပြင်ထွက်ချင်တိုင်းအကြောင်းပြနေတယ်

"သွားလေ တစ်ယောက်ထဲတော့မသွားနဲ့
ယွန်းဂီ ကိုခေါ်သွား"

"ဟွန့် သူ့ကိုမခေါ်ချင်ပါဘူးကိုယ့်ဟာကိုယ်လည်းသွားတတ်တာပဲကို"

"မရပါဘူး သူနဲ့ပဲသွားရမယ်
ဟိုဘက်အိမ်မှာသွားခေါ်ချေ"

"ပြီးရော"

အပြင်ကိုခုန်ပေါက်ထွက်သွားတဲ့ ဟိုဘီကို
ဂျီမင်းလက်လျော့ဟန်ဖြင့်
သူက အစ်ကိုဟိုဆော့ဖြစ်ခဲ့တယ်ဆိုတာမယုံချင်စရာ 
အစ်ကိုဟိုဆော့က သူ့လိုယွစကီးထမနေဘူးရယ်

ဘာပဲဖြစ်ဖြစ်သူကတော့မြေးနှစ်ယောက်ကိုနီးစပ်အောင်ဖန်တီးပေးနေ၏။

မြေးကိုလင်ရအောင်တွန်းပို့သော
ကမ္ဘာ့ပထမဦးဆုံး အဖိုးရယ်ပါ...

သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)Where stories live. Discover now